Home / 2019 / January / 06

Daily Archives: January 6, 2019

ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအရောင်းစင်တာ ဖွင့်ပွဲကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၆ (သဲကုန်း) ======================= ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ဝက်ပုတ်ကျေးရွာတွင် ဇန်နဝါရီလ(၆)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြည်သူ/ပြည်သားများ အန္တရာယ်ကင်းသောအစားအစာများ ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအရောင်းစင်တာ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က လမ်းညွှန်အမှာစကားပြောကြားကြပြီး ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအရောင်းစင်တာအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အရောင်းစင်တာအား လှည့်လည်ကြည့်ရှုကြသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ စားဖိုဆောင်သီးနှံနှင့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံစသည့်သီးနှံမျိုးစုံ စုံလင်စွာစိုက်ပျိုးလျှက်ရှိပြီး ဟင်းသီးဟင်းရွက်ကို မိုးရာသီတွင်(၄၁၃၄၇)ဧက၊ ဆောင်းရာသီတွင် (၁၀၀၂၈၂)ဧက၊ စုစုပေါင်း(၁၄၁၆၂၉)ဧက စိုက်ပျိုးလျှက်ရှိသည်။ ဝက်ပုတ်ဇုန်၊ ပုတီးကုန်းဇုန်၊ မင်းလှဇုန်၊ …

Read More »

အုတ်ဖိုမြို့နယ်အတွင်းစွန့်လွှတ်မြေများအား မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)ထုတ်ပေးခြင်း ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၆ (အုတ်ဖို) =============== ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် အုတ်ဖိုမြို့၊ မြို့တော်ခန်းမတွင် တပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်မြေများအား မူလတောင်သူများထံ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) ပေးအပ်ခြင်းအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများပြန်လည်စီစစ်ရေးကော်မတီဥက္ကဌ၊ ဝန်ကြီးချုပ်ဦးဝင်းသိန်းက သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများအတွက် တောင်သူများ နစ်နာမှုမရှိစေရေး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းပြီး တောင်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲများအား ဦးစားပေးဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် လုပ်ပိုင်ခွင့်ပြန်လည် ရရှိသည့် လယ်ယာမြေပေါ်တွင် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာဖြင့် အရည်သွေးပြည့်မီသော အသီးအနှံများထွက်ရှိအောင် စိုက်ပျိုးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူ လယ်သမားများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ ကူညီဆောင်ရွက် ပေးနေသလို တောင်သူများအနေဖြင့်လည်း ဥပဒေနှင့်အညီ တောင်သူအချင်းချင်း စည်းလုံးညီညွတ်စွာ စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ သားစဉ်မြေးဆက်လုပ်ကိုင်ခွင့်ရရှိစေရန် ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေနှင့်အညီ လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် …

Read More »

တောင်ငူမြို့၌ သတ္တမအကြိမ်မြောက် ၂၇၅၈ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဇန်နဝါရီ ၆ (တောင်ငူ) ===================== သတ္တမအကြိမ်မြောက်ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ၂၇၅၈ခုနှစ်ကရင်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၅)ရက်နေ့ ညနေ (၄)နာရီအချိန်က တောင်ငူခရိုင် တောင်ငူမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ကျင်းပပြုလုပ်သည်။ (၈၁)ကြိမ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးကို ကရင်သက္ကရာဇ် ၂၇၅၈ခုနှစ်ကိုပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကျင်းပပြုလုပ်လာတာ သတ္တမအကြမ်မြောက်ရှိပြီးတိုင်းဒေသကြီးအစိုရအဖွဲ့ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနော်ပွယ်စေးက ကရင်နှစ်သစ်ကူးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နှစ်သစ်ကူးကျင်းပရေးကော်မတီဥက္ကဌ၊ သဘာပတိချုပ်ပဒိုစောထိုလိုက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီနာယကြီး ဆရာတော်ဉူးကုသလက နှစ်သစ်ကူးသြဝါဒစကားမိန့်ကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်ထံမှ ပေးပို့သောကရင်နှစ်သစ်ကူးနေ့သဝဏ်လွှာကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပွယ်စေးက ဖတ်ကြားကာ အခမ်းအနားသို့တက်ရောက်လာကြသော တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလှမော်ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူ းဗိုလ်ချုပ်မျိုးဝင်း၊ KNUကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ်အမှု့ဆောင်ကော်မတီ ပဒိုစောသမိန်ထွန်းတို့က နှုတ်ခွန်းဆက်စကားအသီးသီးပြောကြားကြသည်။ ယင်းနောက် KNUဗဟိုမှနှစ်သစ်ကူးသဝဏ်လွှာကို ပဲခူးတိုင်းJMC(S)ပဲခူးအတွင်းရေးမှူး(၁)ဒုတိယဗိုလ်မှူးကြီး စောအယ်ကလူဖိုးက ဖတ်ကြားပြီး ကရင်နှစ်သစ်ကူးပွဲတော်ကျင်းပရေးကော်မတီနာယက စောထူးဘလတ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ သဘာပတိချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားကြောင်းသိရသည်။ သတ္တမအကြိမ်မြောက်ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ကရင်နှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီ(၅)ရက်နေ့(၆)ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကရင်တိုင်းရင်းသားလူမျိုးများ တစ်နှစ်တစ်ခါစည်းလုံးညီညွတ်စွာ ပြန်လည်တွေ့ဆုံပြီး …

Read More »