Home / 2019 / January / 07

Daily Archives: January 7, 2019

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် တွန်းအားတစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးဝင်းသိန်းပြောကြား

FI

ဇန်နဝါရီ ၇ (ပဲခူး) ======================== ဇန်ဝါရီလ (၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီး အတွင်း တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး၊ စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနား ကျင်းပနိုင်ရန် အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နိမ့်ကျခဲ့မှုကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် မိမိတို့အစိုးရ၏ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် အလွန်ရေးပါသည့် တွန်းအားတစ်ခုဖြစ်၍ ကြိုဆိုကြောင်း၊ အဂတိတရား ကင်းရှင်းမှသာ ပြည်သူများ ယုံကြည်လေးစားသော အစိုးရ၊ ဌာနဆိုင်ရာ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဖြစ်လာနိုင်ကြောင်း၊ အဂတိလိုက်စားမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် တိုက်ဖျက်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ အဖွဲ့ဝင် ရဲချုပ်ဇော်ဝင်း(ငြိမ်း)မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ခေတ်အဆက်ဆက် …

Read More »