Home / 2019 / January / 09

Daily Archives: January 9, 2019

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဘုရားကြီးမြို့ စက်မှုလယ်ယာဦးစီးဌာန သင်တန်းကျောင်းအား ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၉ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးမြို့နယ် ဘုရားကြီးမြို့ အမှတ်(၃၁)စက်မှုလယ်ယာစခန်းအတွင်းရှိ စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း(အောက်မြန်မာပြည်)သို့ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း(အောက်မြန်မာပြည်)ရှိ သင်ကြားရေးနှင့် အထောက်အကူပြု စက်ကိရိယာများအား လိုက်လံကြည့်ရှုစစ်ဆေးရာ ဘုရားကြီးမြို့ စက်မှုလယ်ယာဦးစီးဌာန ဗဟိုသင်တန်းကျောင်း(အောက်မြန်မာပြည်) ခေတ္တကျောင်းအုပ်ကြီး ပဲခူးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သိန်းက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ သင်တန်းကျောင်း၏ရည်မှန်းချက်၊ စက်မှုလယ်ယာဦးစီးဌာန၏ရည်မှန်းချက်များအတိုင်း အရည်အသွေး၊ အရည်အချင်းပြည့်ဝသော သင်တန်းသားဝန်ထမ်းကောင်း၊ လုပ်သားကောင်းများ စဉ်ဆက်မပြတ်မွေးထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါသင်တန်းကျောင်းအား ၂၀၀၁ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပြီး စိတ်ဓာတ်ကောင်းမွန်၍ စည်းကမ်းကျနပြီး အရည်အသွေးပြည့်ဝသော စက်မှုလယ်ယာ လုပ်သားကောင်းများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးအတွက် ကြံသီးနှံထွန်ယက်ရေးကြီးကြပ်ဝန်ထမ်းသင်တန်း၊ ထွန်စက်မောင်းသင်တန်း၊ ထွန်စက်မောင်းမွမ်းမံသင်တန်း၊ ထွန်စက်စခန်းကြီးကြပ်မှုသင်တန်း၊ လယ်ယာသုံးကိရိယာ ကိုင်တွယ်အသုံးချမှုနည်းပြသင်တန်း၊ ထွန်စက်မောင်း/ စက်မောင်းကျွမ်းကျင်မှု …

Read More »

ဝိသာခါကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်လှူဒါန်းပွဲကျင်းပ

FI

ဇန်နဝါရီ ၉ (ပဲခူး) ====================== ပဲခူးမြို့နယ် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရွှေမင်းဂံ၌ ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၈)နာရီအချိန်က ဝိသာခါကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်မေသက်နွယ်နှင့် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်တို့က ဝိသာခါကျောင်းဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် အခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတော်ကို ပုံဖော်ပေးမည့် မျိုးဆက်သစ်လူငယ်များအတွက် အေးချမ်းသာယာပြီး လုံခြုံချောမွေ့စွာ ပညာသင်ယူနိုင်ရန်အတွက် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းပေးခြင်းသည် ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကိုချစ်သည့် ကိုယ့်အမျိုးကိုထောက်ပံ့မည်ဆိုသည့် ဝံသာနုစိတ်ဓာတ်၊ အမျိုးကိုချစ်သည့် လူတွေရဲ့လုပ်ရပ်ဖြစ်သည့်အတွက် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဝိသာခါကျောင်းဆောင် မတည်အလှူရှင် ဒေါ်ထိုက်ထိုက်ဟန်က ကျောင်းဆောင်သစ် ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့်စာရွက်စာတမ်းများအား မတည်အလှူရှင်က …

Read More »