Home / 2019 / January / 10

Daily Archives: January 10, 2019

ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၁၀ (ပဲခူး) ======================== ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တံတားအထူးအဖွဲ့(၉)မှ တာဝန်ယူတည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား(ကဝ) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ဦးဇော်ထွန်းနှင့် တည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးတို့က ပဲခူးမြစ်ကူးတံတား(ကဝ)တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လုပ်ငန်းခွင်နှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းခွင် သို့လှည့်လည်ကြည့်ရှုခဲ့သည်။ အဆိုပါ ပဲခူးမြစ်ကူးတံတား(ကဝ)သည် ကဝမြို့ရှောင်လမ်းပေါ်တွင် ၂၀၁၈(၆)လနှင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန် ပုံငွေကျပ်သန်း(၂၇၀၀)ဖြင့် အရှည်(၆၀၀)ပေ၊ အကျယ်(၃၀)ပေ၊ ပေ(၁၀၀)အခန်း(၆)ခန်း၊ (၁.၂)မီတာအချင်းရှိ ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်ထိပ်အုပ်နှင့် ကိုယ်ထည်၊ အပေါ်ထည် ပေ(၁၀၀)PCယက်မ(၆)ခန်း သံကူကွန်ကရစ်ကြမ်းခင်း လက်ရန်းတို့ဖြင့် တည်ဆောက်မည်ဖြစ်သည်။ အဆိုပါ တံတားတည်ဆောက်မှုပြီးစီးသွားပါက အုန်းနှဲ၊ သက္ကလစသည့်မြို့များမှ လာရောက်ကြသော ရန်ကုန်တိုင်းဒေသကြီးသို့ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မြို့နယ်(၃)မြို့နယ်ဆက်သွယ်နိုင်မည့် ကျားတက်ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေး

FI

ဇန်နဝါရီ ၁၀ (ကဝ) ================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် တည်ဆောက်မည့် မြို့နယ်(၃)မြို့နယ် ဆက်သွယ်သွားလာနိုင်မည့် ကျားတက်ကွန်ကရစ်တံတား တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုရာ ကျေးလက်လမ်းဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကျော်လူနှင့် ပဲခူးခရိုင်ဦးစီးမှူး ဒေါ်စုစုလှိုင်တို့က ရှင်းလင်းတင်ပြကြသည်။ အဆိုပါတံတားအား ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေ ကျပ်သန်း(၃၇၅)သန်းဖြင့် အရှည်(၂၅၀)ပေ အကျယ်(၁၈)ပေ ကွန်ကရစ်တံတားအဖြစ် ကဝမြို့နယ်၊ ကျားတက်ကျေးရွာအနီး ပိုင်ကျုံချောင်းအားဖြတ်၍ တည်ဆောက်မည်ဖြစ်သည်။ ကျားတက်ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးသွားပါက ပဲခူး၊ သနပ်ပင်၊ ကဝမြို့နယ်(၃)မြို့နယ်သို့ အချိန်တိုအတွင်း လွယ်ကူလျှင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် အဆိုပါမြို့နယ်(၃)မြို့နယ်မှ ရပ်ကွက်/ကျေးရွာ(၂၀)၊ အိမ်ခြေ(၅၄၂၁)၊ လူဦးရေ(၂၈၅၃၇)ဦးတို့၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »

ဖလေးကျေးရွာအခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁၀ (ကဝ) ==================== ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ် ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ကာလသည် ပညာရေးဌာန၏ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရာဖြစ်သော အခြေခံပညာကျောင်းများနှင့် ပညာသင်ယူရာဌာနအားလုံးတွင် တည်ရှိကြသော ကျောင်းသား/သူများ၏ သင်ယူတတ်မြောက်မှုများကို သိသာထင်ရှားစွာ တိုးတက်ဖွံ့ဖြိုးလာရေးကို ဦးတည်သည့် ပိုမိုကောင်းမွန်သော သင်ကြားသင်ယူမှုများကို ဖော်ဆောင်နေချိန်၌ ဆရာ/မများ၊ ကျောင်းသား/သူများ၊ မိဘပြည်သူများအားလုံး ပူးပေါင်းလက်တွဲပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော အနာဂတ်နိုင်ငံတော်ကြီး တည်ဆောက်နိုင်အောင် အားလုံးဝိုင်းဝန်း ကြိုးစားသွားကြရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေတို့က အမှာစကားပြောကြားကြပြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဖလေးစံပြကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၏ …

Read More »