Home / 2019 / January / 11

Daily Archives: January 11, 2019

ပဲခူးသားဖွားသင်တန်းကျောင်း ပဉ္စမအကြိမ်မြောက် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကျင်းပပြုလုပ်

FI

ဇန်နဝါရီ ၁၁ (ပဲခူး) ================================== ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၉)နာရီအချိန်ကပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ပဲခူးသားဖွားသင်တန်းကျောင်း၏ ပဉ္စမအကြိမ်မြောက် သားဖွားဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက သားဖွားဆရာမအလုပ်သည် ဆယ်ကျော်သက်အရွယ်မှစတင်ပြီး ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ မွေးဖွားပြီးချိန်နှင့် မွေးကင်းစကလေးငယ်မှအစ လူနာရဲ့မိဘဆွေမျိုးအားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၏ ခံစားနေကြရမည့် ဝေဒနာမဖြစ်ခင် ကြိုတင်ကာကွယ်ဆောင်ရွက်ရသည့် မွန်မြတ်သော အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကာကွယ်ပြုစုစောင့်ရှောက်ပေးရာမှာ သူနာပြုစုမှု့ပညာ၊ သားဖွားအတတ်ပညာတတ်ကျွမ်းမှု တစ်ခုတည်းနဲ့တင်မရဘဲ သူနာပြုသားဖွားများ၏ ကျင့်ဝတ်သိက္ခာတွေနဲ့အညီ လိုက်နာဆောင်ရွက်နိုင်ဖို့အပြင် လူအများနဲ့ပြောဆိုဆက်ဆံရာမှာ ချိုသာယဉ်ကျေးစွာ ပြုမူပြောဆိုဆက်ဆံနိုင်ဖို့ အရေးကြီးကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ်ရသင်တန်းသူများက သားဖွားဆရာမများ၏ သစ္စာဓိဌာန်ကိုရွတ်ဆိုပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစန်းက သင်တန်းသူ(၃၈)ဦးအား သားဖွားဒီပလိုမာအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။ ပဲခူးသားဖွားသင်တန်းကျောင်းကို ၁၉၆၀ခုနှစ်ကဖွင့်လှစ်ခဲ့ပြီး လက်မှတ်ရ သားဖွားဆရာမပေါင်း(၉၀၉)ဦး၊ ယခင်သားဖွားဒီပလိုမာ …

Read More »

ခရမ်းညောင်ပင်ကျေးရွာ စာသင်ကျောင်းမြေ လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးပွဲကျင်းပ

FI

သနပ်ပင် ဇန်နဝါရီ ၁၁ ================== ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် ခရမ်းညောင်ပင်ကျေးရွာ၊ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ဇန်နဝါရီလ(၁၁) ရက်နေ့ နံနက်(၉)နာရီအချိန်က စာသင်ကျောင်းမြေ လှူဒါန်းခြင်းနှင့် လွှဲပြောင်းပေးပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက “တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ပညာရေးအတွက် နိုင်ငံတော်မှ အဆောက်အဦးဆောက်လုပ်ရန် ချပေးရင်တောင် ဆောက်စရာမြေမရှိလို့ ကျောင်းဆောင်မဆောက်လုပ်နိုင်တဲ့ ကျောင်းတွေအများကြီးရှိကြောင်း၊ ယခုလို မြေအလှူရှင်တွေ၊ အဆောက်အဦအလှူရှင်တွေ တစ်ဦးချင်းဘဲဖြစ်ဖြစ်၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းကဘဲဖြစ်ဖြစ်၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီလှူဒါန်းပြီး ကျောင်းသား/သူများ၏ပညာရည်တိုးတက်မြင့်မားအောင် စွမ်းဆောင်ပေးနေသည့် အလှူရှင်များကို များစွာဂုဏ်ယူ ဝမ်းမြောက်ကျေးဇူးတင်ကြောင်း” အဖွင့်အမှာစကားပြောကြားပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှမျိုးရွှေက ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မတည်လှူ ဒါန်းပေးခြင်းအတွက် ဝမ်းမြောက်စကားပြောကြားသည်။ ထို့နောက် မြေအလှူရှင် ဦးမြင့်ဆွေ (ဂရုဏာရှင်လူမှုကူညီရေးအသင်း-နာယက) (ဇေယျာမင်္ဂလာဆန်စက်)က မြေလှူဒါန်းပေးရခြင်းနှင့် ပတ်သက်၍ …

Read More »