Home / 2019 / February

Monthly Archives: February 2019

တောင်ငူမြို့၊ အဆင့်မြှင့်စျေးသစ်ကြီးအား အမြန်ဆုံးတည်ဆောက်နိုင်ရေး MoU လက်မှတ်ရေးထိုးပွဲကျင်းပ

FI

ဖေဖော်ဝါရီ ၂၈ (ပဲခူး) ==================== ဖေဖော်ဝါရီလ (၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တောင်ငူမြို့၊ အဆင့်မြှင့်စျေးသစ်ကြီးအား အမြန်ဆုံးတည်ဆောက်နိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ခွင့်ရ First Altitudez Co., Ltd တို့ MoU လက်မှတ်ရေးထိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ သယံဇာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဌာန၊ ဝန်ကြီး ဒေါက်တာစောညိုဝင်းက စျေးအသစ်ပြန်လည်တည်ဆောက်ရန် ပြည်သူများမှ လိုလားလျက်ရှိပြီး မိမိတို့အစိုးရမှလည်း အမြန်ဆုံးဆောက်လုပ်နိုင်ရန် ကုမ္ပဏီနှင့် MoU(နားလည်မှုစာချွန်လွှာ) လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း၊ တောင်ငူစျေးသစ်ကြီး တည်ဆောက်ခြင်းသည် ပြည်သူအကျိုးပြုလုပ်ငန်းဖြစ်၍ စေတနာထားပြီး ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် First Altitudez Co., Ltd ဒါရိုက်တာ ဦးအောင်မျိုးခိုင်က တောင်ငူစျေးသစ်ကြီးအား မိမိတို့ကုမ္ပဏီမှ တည်ဆောက်နိုင်ရေး MoU ရေးထိုးနိုင်ခဲ့ပြီးဖြစ်၍ စျေးတည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  အစိုးရအဖွဲ့သို့ …

Read More »

e-Government ဦးဆောင်ကော်မတီအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

ဖေဖော်ဝါရီ ၂၇ (နေပြည်တော်) ================== ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၅)၊ အစည်းအဝေးခန်းမ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသော e-Government ဦးဆောင်ကော်မတီအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တွင် e-Government System နှင့်ပတ်သက်၍ အခြေခံစနစ်ဖြစ်သည့် eOffice System အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများ၊ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ Mobil Application ဖြစ်သော ebago လွှင့်တင်ထားမှု၊ သတင်းအချက် အလက်နှင့်ပတ်သက်၍ EDMS ၊ Websit(www.bagoregion.gov.mm) , Social Network Facebook Page(Bago Region Government Office), Myanmar National Portal တို့တွင် ထုတ်လွှင့်လျက်ရှိသည့် အခြေအနေများနှင့် နောက်ပိုင်းတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် …

Read More »

စီမံကိန်းနှင့်အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

ဖေဖော်ဝါရီ ၂၇ (နေပြည်တော်) =============== ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က နေပြည်တော်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော စီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲသို့ တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်း အမျိုးသားစီမံကိန်းနှင့် သက်ဆိုင်သည့် စီမံကိန်းရေးဆွဲမှုများ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ဘတ်ဂျက်အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အထွေထွေပိုလျှံရန်ပုံငွေသို့ ပြန်လည်အပ်နှံမှုများနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ တွေ့ဆုံရှင်းလင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊  ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ တက်ရောက်ဆွေးနွေးကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီးတွင်ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ပဲခူး ဖေဖော်ဝါရီ ၂၆ ================== ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်တွင်ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော် အောင်းမြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက “ကလေးများစာအုပ်စာပေ၌ နှစ်သက်ပျော်မွေ့စေရန်နှင့် ပွဲတော်တက်ရောက်လာသောကလေးများ စုပေါင်းဆောင်ရွက်မှုဖြင့် ပျော်ရွှင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီ အလိုက် လုပ်ငန်း Plan များကိုတင်ပြရန်၊လိုအပ်သည့်လုပ်ငန်းများအလိုက်ချပြဆွေးနွေးကြပါရန် ” အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်က “ကလေးစာပေပွဲတော်ကို ပြိုင်ပွဲများကျင်းပခြင်း၊ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြခန်းများဟူ၍ ၃ ရပ်ခွဲခြားထားပြီး ပထမအချက်အနေဖြင့် ဖျော်ဖြေရေးကဏ္ဏတွင် တစ်ရက်နှင့်တစ်ရက်မထပ်အောင် ၃ရက် တစ်နေကုန် ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေကတော့ ပန်းချီ၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်နှင့်ကျပန်းစကားပြော ပြိုင်ပွဲများပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များသတ်မှတ်ပေးပါရန်နှင့် ပြိုင်ပွဲဝင်အင်အား စာရင်းထုတ်ပေးနိုင်ပါရန် …

Read More »

တောင်နဝင်းတမံ ပြုပြင်ခြင်းအား ၂၀၁၉ ခုနှစ်၊ မတ်လအကုန်အပြီး ဆောင်ရွက်မည်ဖြစ်

FI

ဖေဖော်ဝါရီ ၂၆ (ပေါက်ခေါင်း) ———————– ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်နဝင်းရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင်အက်ကြောင်းဖြစ်ပေါ်မှုအား ပညာရှင်များ၏ ညွှန်ကြားချက်များအတိုင်း ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မိုးရာသီမတိုင်မီအောင် (၂၃.၂.၂၀၁၉)ရက်နေ့မှစ၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် ၊အင်ဂျင်နီယာချုပ်(စက်မှု) ဦးထွန်းကျော်စိုး ၊ ရုံးချုပ်ဌာနခွဲများဖြစ်သော ဒီဇိုင်းနှင့်ပုံထုတ်၊ ဘူမိဗေဒ၊ ဇလဗေဒ၊ စူးစမ်းလေ့လာရေး၊ တည်ဆောက်ရေး၊ထိန်းသိမ်းရေး၊ စက်မှုဌာနခွဲတို့မှ ညွှန်ကြားရေးမှူးများ၊ ဂျပန်အတိုင်ပင်ခံ ပညာရှင်များ၊ ပြင်ပပညာရှင်များနှင့်အတူ အနီးကပ် ကြီးကြပ်စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ လုပ်ငန်းများအား ၂၀၁၉ ခုနှစ်၊ မတ်လအကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

Read More »

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၂၆ (နေပြည်တော်) ======================= ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယသမ္မတ(၂)၊ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ကျင်းပသော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ယခင်သိမ်းဆည်းမြေများအား မူလပိုင်ရှင်များသို့ ပြန်လည်အပ်နှံ၍ ပုံစံ(၃)ထုတ်ပေးထားနိုင်မှုအခြေအနေနှင့် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည် အစီအမံများအား တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ ဗဟိုမြေ/စစ် ကော်မတီဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၂၆ (နေပြည်တော်) ======================== ဖေဖော်ဝါရီ(၂၆)ရက်နေ့ နံနက်(၈)နာရီအချိန်က  နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Hotel Maxတွင်ဒုတိယသမ္မတ(၂)၊ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်ကျင်းပပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီ(၁/၂၀၁၉)အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် အလားအလာရှိသည့် သမိုးဝင်နေရာများ၊ ထပ်မံဖော်ထုတ်လျက်ရှိသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒုတိယကမ္ဘာစစ်၌ အသုံးပြုခဲ့သည့် စစ်စခန်းများ၊ ဘန်ကာများ စသည့်တို့အား ခရီးသွားလုပ်ငန်းတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ ဒုတိယသမ္မတ(၂)၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်း မိတ်ဆက်ပွဲကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) ==================== ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်တွင် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်က COMMODITY EXCHANGE ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းမိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး Youth Force (လူငယ့်အားမာန် )မှ ဦးတင်ထွန်းအောင်က ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းမိတ်ဆက်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းနှင့်ပတ်သက်၍ ဗွီဒီယိုပြသပြီး အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းအား နိုင်ငံသားများပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော YOUTH FORCE GROUPIES OF COMPANYမှကမကထပြုပြီး ဟောင်ကောင်အခြေစိုက်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ASEAN ECONOMIC DEVELOPMENT& TRADE(H.K)နှင့် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ Youth Force …

Read More »

တိုင်းဒေသကြီး/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့

law

ဖေဖော်ဝါရီလ ၂၅ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး/ မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့အား သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။ အပြည့်အစုံဖတ်ရှုရန်————————-  

Read More »

ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉)ဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) =–================== ပဲခူးမြို့နယ် ဘုရာကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က စက်မှုဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်ပတ်သက်၍ နေအိမ်၊ အဆောက်အဦများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ သင်တန်းသား(၆၀)ဦး တက်ရောက်ကြောင်း သိရသည်။ ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉)တွင် စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းတွင် အတွေ့အကြုံရှိပြီးသော လျှပ်စစ်ကျွမ်းကျင်သူများက အထောက်အကူပြုပစ္စည်းများသုံးပြီး စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »