Home / 2019 / February / 04

Daily Archives: February 4, 2019

ကမ္ဘာ့ကင်ဆာရောဂါနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းဆောင်ရွက်ခြင်းကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၄ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးအကစားခန်းမတွင် ဖေဖော်ဝါရီလ(၄)ရက်နေ့ ညနေ(၅)နာရီအချိန်က ၂၀၁၉ခုနှစ် ကမ္ဘာ့ကင်ဆာရောဂါနေ့အထိမ်းအမှတ် ကင်ဆာရောဂါအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား စုပေါင်းဆောင်ရွက်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက ယနေ့အခမ်းအနားသည် ကင်ဆာရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိခွင့်ရမည်ဖြစ်ပြီး လူတိုင်းရဲ့လူမှုဘဝအစဉ်လှပစေဖို့ ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ကိုယ်လက်ရှားအားကစားကို လေ့လာလိုက်စားကြရန်လိုကြောင်း၊ ကိုယ်လက်လှုပ်ရှားခြင်းကြောင့် ရောဂါဘယများစွာကိုကာကွယ်နိုင်သလို အားကစားလေ့လာလိုက်စားခြင်းဖြင့်မလိုလားအပ်သော ကင်ဆာရောဂါဖြစ်ပွားမည့်ဆဲလ် တိုးပွားခြင်းကိုလျော့နည်းစေပြီး လူ့အကျိုးပြုဆဲလ်များကို တိုးပွားစေကြောင်း၊ ဒါကြောင့် ကိုယ်လက်လှုပ်ရှားအားကစားသည် ကင်ဆာရောဂါအပေါ်ကောင်းကျိုးသက်ရောက်မှုရှိသည်ဆိုသည့်ချက်အား ပြည်သူလူထုတစ်ရပ်လုံး သိရှိနားလည်လှုပ်ရှားဆောင်ရွက်ကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့အထွေထွေရောကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် အထူးကုဆရာဝန်ကြီး ဒေါက်တာစောယုဝင်းက ကင်ဆာရောဂါအကြောင်း အသိပညာပေးဟောပြောသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြများကဦးဆောင်ပြီး Free Hand Exercise, Fitness Dance(1), Fitness Dance(2), Cooling Exercise, ထာဝရသစ္စာ စသည့်Fitness …

Read More »

တောင်သူလယ်သမားဘဝ မြှင့်တင်ပေးနိုင်ရေး အစည်းအဝေးကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၄ (ပဲခူး) ========================== ဖေဖော်ဝါရီလ (၄)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တောင်သူလယ်သမားဘဝ မြှင့်တင်ပေးနိုင်ရေးအတွက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး အဖွဲ့ ဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံလူဦးရေ၏ (၇၀)%နှုန်းသော တောင်သူလယ်သမားဘဝ မြှင့်တင်ပေးနိုင်မှသာ တိုင်းပြည်၏ စီးပွားရေးတည်ငြိမ်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တောင်သူလယ်သမားများ၏ လူနေမှု ဘဝအဆင့်အတန်းသည် နိမ့်ကျခဲ့ရကြောင်း၊ တောင်သူလယ်သမားများ၏ ဘဝများ မြှင့်တင်ပေးရာတွင် မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ခြင်း၊ သီးနှံအာမခံစနစ် ရရှိခြင်း၊ သီးနှံ အရည်အသွေး ကောင်းမွန်ခြင်း၊ ခိုင်မာသော စျေးကွက်ရရှိနိုင်ခြင်း စသည်တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တစ်ဘက်မှာလည်း စိုက်ပျိုးစရိတ် ချေးငွေများ ရရှိနိုင်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရန် အသိပညာပေးခြင်းများ လုပ်ဆောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ …

Read More »