Home / 2019 / February / 06

Daily Archives: February 6, 2019

တိုင်းဒေသကြီးအဆင့် မြစိမ်းရောင် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ပဲခူး ဖေဖော်ဝါရီလ ၆ ====================== ဖေဖော်ဝါရီလ (၆)ရက်နေ့ နေ့လည် (၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမ၌ တိုင်းဒေသကြီးအဆင့် မြစိမ်းရောင် သုံးသပ်ဆွေးနွေးပွဲနှင့် ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲတွင် အကြံပြုဆွေးနွေးမည့် အချက်များအား ရှင်းလင်းတင်ခြင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်မှ စံပြကျေးရွာဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပထမဆုရသော တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကြက်တက်ညောင်ပင်အုပ်စု၊ သပြေကုန်းကျေးရွာ၊ ဒုတိယဆု ရရှိသော ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဆင်လူးအုပ်စု၊ ဝက်မြေလူးကျေးရွာ၊ တတိယဆု ရရှိသော သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လက်ပံတုန်းအုပ်စု၊ လက်ပံတုန်းကျေးရွာနှင့် နှစ်သိမ့်ဆု ရရှိသော ပဲခူးခရိုင် ၊ ကျောက်တံခါးမြို့နယ်၊ …

Read More »

ဆွာဆည်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ပေးမည့် ကျွန်းတောစုကျေးရွာအား စံပြကျေးရွာအသစ်တစ်ခု တည်ဆောက်ရန် စတင်ဆောင်ရွက်

FI

ဖေဖော်ဝါရီ ၆ (ပဲခူး) ================== ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဆွာဆည်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ပေးမည့် ကျွန်းတောစုကျေးရွာအား စံပြကျေးရွာအသစ်တစ်ခု တည်ဆောက်ရန် စတင်ဆောင်ရွက်နေမှု များနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က ဆွာဆည်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ပေးရမည့် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာအား ပြည့်စုံကောင်းမွန်သည့် စံပြကျေးရွာသစ်တစ်ခု တည်ဆောက်နိုင်ရေး စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ လူအသိုက်အဝန်းတစ်ခုတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရာဆိုင်ရာ ကာကွယ်နိုင်ရေး စသည့် အခြေခံလိုအပ်ချက်များ ပြည့်စုံရန် လိုအပ်ကြောင်း၊ ယခုတည်ဆောက်မည့် စံပြကျေးရွာသစ်သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ထောက်ပံကူညီပေးခြင်းဖြစ်ပြီး၊ မိမိတို့အစိုးရမှ လိုအပ်သည့် မြေနေရာ၊ လမ်း၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ် များ အားဖြည့်ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ကျေးရွာစုပေါင်းရုံ ဆောက်လုပ်ရန်တို့အား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ မြို့နယ်(၆)မြို့နယ်မှ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၆ (ပဲခူး) ==================== ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် မြို့နယ်(၆)မြို့နယ်မှ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ တွေ့ဆုံခဲ့ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံ၏ ဒီမိုကရေနှင့်ပတ်သက်၍ ၈၈ အရေးတော်ပုံသမိုင်းတွင် မိမိတို့ကိုယ်တိုင် ပါဝင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်ခြင်း၊ ပေါင်းစည်းခြင်းတို့ ဆောင်ရွက်မှသာ ရေရှည်တည်မြဲနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်သူ့အစိုးရနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုအပ်ပြီး၊ ယခုလိုလာရောက်သော နိုင်ငံအတွက် တန်ဖိုးရှိသည့် အဖွဲ့အစည်းမျိုး  မြန်မာနိုင်ငံတွင် အထူးလိုအပ်လျက်ရှိပါကြောင်းနှင့် လာရောက်တွေ့ဆုံမှုအပေါ် ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက စီမံကိန်းနှင့် အခွန်ဘဏ္ဍာငွေ ရရှိမှုနှင့် သုံးစွဲနေရမှု၊ တိုင်းဒေသကြီးအစိုးရမှ ခွဲဝေရရှိသည့် ဘတ်ဂျက်ငွေများအပေါ် စီမံခန့်ခွဲ နေရသည့်ကိစ္စရပ်များကိုလည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် …

Read More »