Home / 2019 / February / 11

Daily Archives: February 11, 2019

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကျွန်းတောစုစံပြကျေးရွာအသစ်တစ်ခု တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှု

FI

ဖေဖော်ဝါရီ ၁၁(ရေတာရှည်) ================== ဖေဖော်ဝါရီလ (၁၁)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများနှင့်အတူ ဆွာဆည်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ပေးမည့် ကျွန်းတောစုစံပြကျေးရွာအသစ် တည်ဆောက်မည့်နေရာအား ကွင်းဆင်းကြည့်ရှုသည်။ ရှေးဦးစွာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ကျွန်းတောစု စံပြကျေးရွာတည်ဆောက်မှုနှင့်ပတ်သက်၍ မြေပြင်အခြေအနေ ဆောင်ရွက်ထားရှိမှုနှင့် ရှင်းလင်းဆောင် ဆောက်လုပ်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းဦးစီးဌာနမှ မြေညှိဆောင်ရွက်ထားမှုကိုလည်းကောင်း၊ အိုးအိမ်ဦးစီးဌာနမှ အိမ်ယာ မြေကွက်ဖော်ထုတ်ထားသည့် ဒီဇိုင်းပုံစံလျာထားချက်ကိုလည်းကောင်း၊ ကျေးလက်လမ်းဦးစီးဌာနမှ ကျေးရွာအဝင်လမ်းများ ဖောက်လုပ်သွားမည့်ပုံစံကိုလည်းကောင်း၊ ကျေးလက်ရေရရှိရေးဦးစီးဌာနမှ သောက်သုံးရေတူးဖော်ပေးမည့် အခြေအနေကိုလည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ လျှပ်စစ်မီးသွယ်တန်းပေးသွားမည့် အခြေအနေများနှင့် ကျေးရွာစုပေါင်းရုံးဆောက်လုပ်မည့်နေရာများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဝန်ကြီးချုပ်က ဆွာဆည်တမံ ရေပိုလွှဲကျိုးပေါက်မှုဖြစ်စဉ်ကြောင့် ပြောင်းရွှေ့ပေးရမည့် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာအား ပြည့်စုံကောင်းမွန်သည့် စံပြကျေးရွာသစ်တစ်ခု တည်ဆောက်နိုင်ရေး အမြန်ဆုံးပြီးစီးအောင်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ လူအသိုက်အဝန်းတစ်ခုတွင် လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝဘေးအန္တရယ်ဆိုင်ရာ …

Read More »

ခရိုင်ချင်းဆက် ငါးမြွေဇင်းတံတား တည်ဆောက်မည့်နေရာအား ကြည့်ရှု

FI

ဖေဖော်ဝါရီ ၁၀ (ပေါက်ခေါင်း) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ (၁၀)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာအတွင်း ခရိုင်ချင်းဆက် ငါးမြွေဇင်းတံတား တည်ဆောက်မည့်နေရာနှင့် ယခင်တံတားဟောင်း ပျက်ဆီးနေမှုအား သွားရောက်ကြည့်ရူစစ်ဆေးသည်။ တံတားဆောက်မည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဒေါ်ချယ်ရီမွန်နှင့် ဆောက်လုပ်ခွင့်တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်စွာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် စေတနာထားဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါတံတားသည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် မကွေးတိုင်းဒေသကြီး သရက်ခရိုင်တို့ဆက်သွယ်ပြီး ယခင်တံတားဟောင်းအနီး ငါးမြွေဇင်းကျေးရွာအတွင်းဖြတ်သန်းစီးဆင်းသော မြောက်နဝင်းချောင်းပေါ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၄၂၀)သန်းဖြင့် ပေါက်ခေါင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ Han Tharwaddy land mark Company limitedမှ တာဝန်ယူကာ အရှည်(၂၂၀)ပေ၊ အကျယ်(၂၀)ပေ၊ အမြင့်(၃၀)ပေ …

Read More »

ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာ ပြည်သူများနှင့်တွေ့ဆုံ

FI

ဖေဖော်ဝါရီ ၁၀ (ပေါက်ခေါင်း) ======================= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပေါက်ခေါင်းမြို့နယ် ငါးမြွေဇင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်နှင့် ဒေသခံပြည်သူများက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာလိုအပ်ချက်များ၊ အလယ်တန်းကျောင်း စာသင်ဆောင်များ တိုးချဲ့ဆောက်လုပ်ပေးရေး၊ ပညာရေးဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ယာတည်ဆောက်ပေးရေး၊ သောက်သုံးရေးရှားပါးသည့်အတွက် သောက်သုံးရေတူးဖော်ပေးရေး၊ ကျေးလက်ဆေးခန်းထားရှိပေးရေးနှင့် ကျန်းမာရေးဝန်းထားရှိပေးရေး၊ လယ်ယာမြေများပုံစံ(၇)ထုတ်ပေးရေး၊ စိုက်ဘဏ်ချေးငွေများရရှိအောင် ဆောင်ရွက်ပေးရေး၊ ဆက်သွယ်ရေးကွန်ယက်ခက်ခဲနေသဖြင့် ဆက်ရေးတာဝါတိုင်များ တည်ဆောက်ထားရှိပေးရေးကိစ္စရပ်များ တင်ပြကြသည်။ ဒေသခံများ၏တောင်းဆိုတင်ပြချက်များအား ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းတင်ပြပြီး ဝန်ကြီးချုပ်က ငါးမြွေဇင်းဒေသဖွံဖြိုးရေးအတွက်မိမိနှင့်အတူဌာနဆိုင်ရာများ လာရောက်ခြင်းဖြစ်ကြောင်း၊ ငါးမြွေဇင်းကျေးရွာတွင် ကျေးရွာချင်းဆက်၊ ခရိုင်ချင်းဆက်၊ တိုင်းချင်းဆက်သွယ်သည့် လမ်းများကောင်းမွန်အောင်၊ တံတားများကောင်မွန်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ဒေသခံပြည်သူများက အစိုးရနှင့်အတူ ပေါင်းစပ်ဆောင်ရွက်ပေးကြရန်လိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ငါးမြွေဇင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းအတွက် …

Read More »

တောင်နဝင်းဆည် အခြေအနေများအား ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

FI

ဖေဖော်ဝါရီ ၁၀ (ပေါက်ခေါင်း) =================== ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ နံနက် (၉)နာရီ အချိန်က ပဲခူးတိုင်းဒေကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ရပ်သစ်ကျေးရွာအုပ်စုအနီးရှိ တောင်နဝင်းဆည် ကြံ့ခိုင်မှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။ ရှေးဦးစွာ တောင်နဝင်းဆည် ရှင်လင်းဆောင်၌ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ဆည်တမံ၏ အက်ကြောင်းများဖြစ်ပေါ်နေ၊ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးနေမှုနှင့် မြေသားစမ်းသပ်နေသည့် အခြေအနေများ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆည်တမံနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုကြောင်း၊ ပညာရှင်များ၏ ဆန်းစပ်တွေ့ရှိချက်များ၊ ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားမည့် အခြေအနေများအား ပြည်သူများထံ ပွင့်လင်းမြင်သာစွာ ချပြပေးရန် လိုအပ်ကြောင်း၊ ဆည်တမံ၌ တပ်ဆင်ထားသည့် CCTV များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပြည်သူများ …

Read More »