Home / 2019 / February / 12

Daily Archives: February 12, 2019

(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၂ (ပဲခူး) =============== ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး ကျင်းပသော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာတိုင်းရင်းသား ရိုးရာအစားအစာဈေးရောင်းပွဲနှင့် ပြပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားများ ရောင်းချသော မြန်မာတိုင်းရင်းသားရိုးရာ အစားအစာများနှင့် ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ထို့နောက် ၂၀၁၈-၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ်အားကစားပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသော ပဲခူးတိုင်းဒေသကြီးအားကစားအဖွဲ့များနှင့် (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် ဘင်ခရာနှင့် စစ်တီးဝိုင်းအဖွဲ့များအား ဝန်ကြီးချုပ်မှ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။ ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ …

Read More »

(၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၂ (ပဲခူး) ================ ဖေဖော်ဝါရီလ(၁၂)ရက်နေ့ နံနက်(၆)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် Milo Nestleတို့ပူးပေါင်းပြီး (၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ အဆိုပါ(၅)ကီလိုမီတာ ကျား/မအပြေးပြိုင်ပွဲတွင် ပဲခူးခရိုင်(၈)မြို့နယ်နှင့် တောင်ငူခရိုင်(၆)မြို့နယ်တို့မှ အားကစားသမား(၃၅၀)ကျော် ပါဝင်ကာ ပဲခူးမြို့ ဥဿာမြို့သစ်  (၇)ရပ်ကွက် ဗိုလ်မင်းရောင်လမ်းထိပ်မှ ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့အထိ (၅)ကီလိုမီတာအကွာအဝေးအား ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် မိုးလုံလေလုံအားကစားခန်းမတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ရာ အမျိုးသမီးအပြေးပြိုင်ပွဲ၌ အဆင့်(၄)မှ (၅၀)အထိ၊ အမျိုးသားအပြေးပြိုင်ပွဲတွင် အဆင့်(၄)မှ (၅၀)အထိရရှိသူများအား လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ပဲခူးတိုင်းဒေသကြီး အာကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် အမျိုးသမီးအပြေးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ …

Read More »

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၁၂ (ပဲခူး) ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဖက်မုခ်ရှိ ယာဉ်ရပ်နားကွင်းတွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော် ဒုတိယဥက္ကဌနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀၀)ဦးကျော် တက်ရောက်ကြသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဆောင်သော တက်ရောက်လာကြသူအားလုံးက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံနှင့် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သည့် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဖတ်ကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ …

Read More »