Home / 2019 / March / 01

Daily Archives: March 1, 2019

(MIC)ရုံးတွင် လာရောက်မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီများစာရင်း

MIC Notic

အသေးစိတ် အချက်အလက်များ ကြည့်ရှုရန်—————————— ========================================== ၇-၆-၂၀၁၇ မှ ၉-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁၂-၆-၂၀၁၇ မှ ၁၆-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁၉-၆-၂၀၁၇ မှ ၂၃-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၂၆-၆-၂၀၁၇ မှ ၃၀-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၃-၇-၂၀၁၇ မှ ၁၄-၇-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁၇-၇-၂၀၁၇ မှ ၃၁-၇-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁-၈-၂၀၁၇ မှ ၁၁-၈-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ဒေသခံပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ်

FI

မတ် ၁ (ကညွတ်ကွင်း) ================== မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အောင်တော်မူခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းပြည်သည် သယံဇာတတွေ ပေါကြွယ်ခြင်း၊ ကောင်းမွန်သော ဘာသာတရားရှိကြသော်လည်း ရုပ်ဝတ္တုပိုင်းဆိုင်ရာများ သူများနိုင်ငံတွေထပ် ဘာကြောင့်နိမ့်ကျနေရသလဲ စဉ်းစားကြရန်လိုကြောင်း၊ အဓိကအားဖြင့် စိတ်ဓါတ်ပိုင်းမှာ နိမ့်ကျရင် သယံဇာတတွေ ပေါကြွယ်ဝသော်လည်း စီးပွားရေး၊ ပညာရေးစသည့် အဘက်ဘက်မှ နိမ့်ကျလာမည်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့တွေရဲ့ စိတ်ဓါတ်တွေ၊ အတွေးအခေါ်တွေကို  မြှင့်တင်ပေးကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူများမှ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များနှင့် သစ်တောကျူးမြေဆိုင်ရာကိစ္စရပ်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

BRIC ၏ လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု ထုတ်ပြန်ကြေငြာချက်

Presentation1

ပဲခူးတိုင်းဒေသကြီ:ရင်းနှီးမြှုပ်နှံမှုကော်မတီ (BRIC) စတင်ဖွဲ့စည်းခဲ့သည့် (၇-၇-၂၀၁၇)ရက်နေ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအထိ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေမှာ—

Read More »

အခြေခံအိမ်တွင်းမှုသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

FI

မတ် ၁ (ကညွတ်ကွင်း) =================== မတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖြူး) တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့က သင်တန်းဆင်းအမှာစကား ပြောကြားကြပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖြူး)၏ ကျောင်းအုပ်ကြီး ဒေါ်မြမြသင်းက သင်တန်းတွင်ပို့ချခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင်ထူးချွန်ဆုရရှိ(၂)ဦးနှင့် ဒုတိယ၊ တတိယရရှိသူတို့အား ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆုများပေးအပ်ချီးမြှင့်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းဆင်းကျောင်းသူများ၏ လက်ရာများအားကြည့်ရှု အားပေးကြကြောင်းသိရသည်။ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၇)တို့အား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)တွင် …

Read More »