Home / 2019 / March / 02

Daily Archives: March 2, 2019

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးမြို့တွင် (၆)ထပ် စုပေါင်းရုံးတည်ဆောက်မည့်နေရာအား ကြည့်ရှု

FI

မတ် ၂ (ပဲခူး) ========================= မတ်လ(၂)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းရင်းဆေးရုံအနီး၌ (၆)ထပ်စုပေါင်းရုံး ဆောက်လုပ်မည့်နေရာအား ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

Read More »

ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

မတ် ၂ (ပဲခူး) =============== မတ်လ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်၊ သမိန်ဗရမ်းလမ်းဘက်ကမ်း ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်မည့်နေရာ၌ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးမြို့သည် တိုင်းမြို့ဖြစ်သည့်အတွက်တိုင်းမြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ မြို့ပြ စနစ်တကျဖွံ့ဖြိုးစေရေးအတွက် ပဲခူးဝန်းကျင်တဝိုက် ကွန်ယက်ချိတ်ဆက်မှုများကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူလူထုမှလည်း လုပ်ငန်းစီမံကိန်းများ အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တွေ့ရှိရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း ယခုဆိုရင် နိုင်ငံတော်အစိုးရရဲ့ဦးတည်ချက်များအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပဲခူးမြို့ကို တိုင်းမြို့တော်ကြီး၏ အင်္ဂါရပ်နှင့်အညီလမ်း- တံတားလုပ်ငန်းများကို အကောင်အထည်ဖောဆောင်ရွက်ပေးခဲ့ကြတဲ့ ဌာနရဲ့အင်ဂျင်နီယာဝန်ထမ်းများ ၊ ကာယ ၊ ဉာဏ ဝန်ထမ်းများကိုလည်း ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများမှလည်း မိမိတိုနေ့စဉ်သွားလာလှုပ်ရှားရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းပြီး လုံခြုံချောမွေ့စွာ သွားလာနိုင်ပြီ …

Read More »