Home / 2019 / March / 06

Daily Archives: March 6, 2019

သံဃာအပါး(၂၇၀၀) ဆွမ်းဆန်တော် လောင်းလှူပွဲတွင် ကူညီဆောင်ရွက်ပေးခဲ့သော အလှူရှင်များအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

FI

မတ် ၆ (ပဲခူး) ============================ မတ်လ(၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ သံဃာအပါး(၂၇၀၀) ဆွမ်းဆန်တော် လောင်းလှူပွဲတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သော အလှူရှင်များ၊ မြို့မိ/ဖများ၊ ပရဟိတအသင်းအဖွဲ့များအား ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ၊ စာအောင်သံဃာများ၊ သီလရှင်များအားဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာအပါး(၂၇၀၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား အောင်မြင်ရခြင်းသည် အစိုးရ၊ ဌာနဆိုင်ရာ၊ ဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း၊ ယခုလို ပူးပေါင်းပါဝင်မှုသည် အောင်မြင်မှုခြင်း၏ ပြယုဂ်တစ်ခုဖြစ်သလို ပဲခူးဒေသခံပြည်သူများ၏ လေးစားတန်ဖိုးထားစရာကောင်းသော စိတ်ဓါတ်များကို ပြသရာရောက်ကြောင်း၊ ပရိယတ္တိသာသနာဖြစ်သော ဗုဒ္ဓစာပေကျမ်းဂန်များကို လေ့လာသင်ယူကြသည့် စာအောင်သံဃာများ/ သီလရှင်များအား ကူထောက်ပံ့ခြင်းသည် ဗုဒ္ဓသာသနာတော် ရေရှည်တည်တံ့ခိုင်မြဲရန် အထောက်အပံ့ပြုရာရောက်ပြီး လောကပါလတရားများ တိုးပွားစည်ပင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းမြင့်က ပဲခူးမြို့တွင် ကြီးကျယ်ခမ်းနားသော …

Read More »

ပဲခူးတိုင်းဒေသကြီး e-Government လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မတ် ၆ (ပဲခူး) ================== မတ်လ (၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ e-Government လုပ်ငန်းများ အောင်မြင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နည်းပညာကို အခြေခံသော e-Government စနစ်သည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို များစွာအထောက်အကူ ဖြစ်စေနိုင်ကြောင်း၊ ယနေ့ကမ္ဘာတွင် တစ်နိုင်ငံတည်းရပ်တည်၍ မရနိုင်တော့ပဲ၊ နည်းပညာဖြင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရက်တစ် လူအဖွဲ့အစည်းများ၊ ဒီမိုကရေစီအစိုးရများသည် e-Government စနစ်များ အောင်မြင်စွာ ဆောင်ရွက်နေကြကြောင်း၊ ဒါကြောင့် မိမိတို့နိုင်ငံအတွက်လည်း e-Government အောင်မြင်ရန် အလွန်အရေးကြီးသည့် အချိန်အခါကို ရောက်ရှိနေပီဖြစ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်နာယကအဖြစ် ပါဝင်သော e-Government ဦးဆောင်ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ e-Government လုပ်ငန်းစဉ်သည် အလွန်ကျယ်ပြန့်ပြီး ပြည်သူများလည်း …

Read More »

ပဲခူးမြို့နယ်အတွင်းရှိစာဖြေဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်(၈၀၄၀)ဦး ဝင်ရောက်ဖြေဆို

FI

မတ်လ ၆ (ပဲခူး) ================= ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ(၆)ရက်နေ့မှ(၁၅)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကျင်းပပြုလျှက်ရှိပြီး ယနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြပြီဖြစ်သည်။ ပဲခူးမြို့နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပဲခူးမြို့ပေါ်ရှိ အထက(၁/၂/၃/၄/၅/၆/၇)၊ ဇောင်းတူကျေးရွာရှိ အထက(ဇောင်းတူ)၊ ကျောက်တန်းကျေးရွာရှိ အထက(ကျောက်တန်း)၊ ထုံးကြီးကျေးရွာရှိ အထက(ထုံးကြီး)၊ ပျဉ်ပုံကြီးကျေးရွာရှိ အထက(ပျဉ်ပုံကြီး)၊ ဘုရားကြီးမြို့ရှိ အထက(ဘုရားကြီး)၊ အင်းတကော်မြို့ရှိ အထက(အင်းတကော်) စသည်တို့၌ စာဖြေဌာန(၁၄)ခုဖွင့်လှစ်ထားရှိရာ စာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ(၈၅၃၆)ဦး လျှောက်လွှာလျှောက်ထားကြောင်းပဲခူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယနေ့စတင်ဖြေဆိုကြသည့် မြန်မာစာဘာသာရပ်တွင် ဖြေဆိုရန်(၈၅၃၆)ဦး စာရင်းသွင်းလျှောက်ထားသော်လည်း (၈၀၄၀)ဦးသာ ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများမှာလည်း မြန်မာစာဘာသာရပ်အား အခက်အခဲမရှိ အေးချမ်းစွာဖြေဆိုကြကြောင်း သတင်းရရှိသည်။

Read More »