Home / 2019 / March / 07

Daily Archives: March 7, 2019

ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းရေလှောင်တမံ ပြုပြင်ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

မတ် ၇ (ပေါက်ခေါင်း) ========================== မတ်လ(၇)ရက်နေ့၊ ညနေ(၄:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းရေလှောင်တမံ ပြုပြင်ဆောင်ရွက်နေမှုအား  ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တောင်နဝင်းရေလှောင်တမံရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပင်မရေလှောင်တမံ အက်ကြောင်းများဖြစ်ပေါ်ခဲ့မှု၊ တမံနိမ့်ကျခဲ့မှုများအား ပြုပြင်ဆောင်ရွက်ခြင်း၊ ဘိလပ်မြေသရွတ်မှုတ်သွင်းနေမှုစသည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က တောင်နဝင်းရေလှောင်တမံ၏ ဖြစ်စဉ်အခြေအနေများ၊ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒါကြောင့် လုပ်ငန်းဆောင်ရွက်မှုတိုင်းကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများ သိရှိစေရန် သတင်းထုတ်ပြန်ချက်များ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တစ်ဘက်မှာလည်း ပြည်သူများ စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရာသီဥတုသည် ခန့်မှန်းလို့ မရနိုင်သဖြင့် အချိန်မီပြီးစီးရန်လည်း လိုအပ်ကြောင်း လမ်းညွှန်မှာကြားပြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့ …

Read More »

သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ) ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကျင်း

FI

မတ် ၇ (ရေတာရှည်) ================  သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်တွင် မတ်လ(၇)ရက်နေ့ နံနက်(၈)နာရီအချိန်က သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ)တည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆရာတော်ကြီးများ သံဃာတော်များနှင့်  ပရိတ်သတ်များက နမောတဿ     သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အလှူရှင်များ၊ ပရိတ်သတ်များက ရွှေကျင်နိကာယဥပဥက္ကဌ (တွဲဖက်သာသနာပိုင်) အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိ ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များရွတ်ဖတ်သရဇ္ဈာယ်တော်မှုကြသည်။ ထို့နောက် သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ)ဆောက်လုပ်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူ းဗိုလ်ချုပ်မျိုးဝင်းနှင့် အလှူ ရှင်များက ပန္နက်တိုင်များစိုက်ထူ၍ ပန္နက်တော်တင်မင်္ဂလာပြုလုပ်ကြပြီး အလှူ ငွေများပေးအပ်လှူ ဒါန်းကြသည်။ ယင်းနောက် လှူ ဒါန်းမှုအစုစုအတွက် သီတဂူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချအမျှအတမ်းပေးဝေကာ သီတဂူအာယုဒါနဆေးရုံတော်(တောင်ငူ)ဆောက်လုပ်ရန်အတွက်  ပန္နက်တင်မင်္ဂလာအခမ်းအနား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ရွှေကျင်နိကာယဥပဥက္ကဌ(တွဲဖက်သာသနာပိုင်) အဘိဓဇမဟာရဌဂုရု၊ …

Read More »