Home / 2019 / March / 08

Daily Archives: March 8, 2019

သဲကုန်းမြို့နယ် မအူပင်ကွေ့ကျေးရွာအုပ်စု ကျေးရွာပြည်သူလူထုနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

သဲကုန်း မတ် ၈ ==================== မတ်လ(၈)ရက်နေ့၊မွန်းလွဲ(၃)နာရီက ပြည်ခရိုင် သဲကုန်းမြို့နယ် မအူပင်ကွေ့ကျေးရွာအုပ်စု မအူပင်ကွေ့ကျောင်းတိုက်၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူလူထုများနှင့်တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်းက စီမံကိန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများသည် တိုင်းပြည်ရဲ့ဘက်ဂျက်နဲ့ သွားတဲ့အခါမှာ အခက်အခဲတစ်ချို့ တွေလည်းရှိနေကြောင်း၊ လိုအပ်ချက်တွေက နေရာအနှံ့မှာရှိနေတာဖြစ်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘတ်ဂျက်အပေါ်မှာပဲမမှီခိုပဲ စုပေါင်းအားဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်နိုင်ကြရန်၊ မိမိတို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူများကိုယ်တိုင် စိတ်ပါဝင်စားခြင်း၊ လိုအပ်ချက်များကို ပြည်သူ၊ အစိုးရ ပူးပေါင်းဆောင်ရွက်ခြင်းသည် ပိုမိုအောင်မြင် နိုင်မှာဖြစ်ကြောင်း၊ အစိုးရတစ်ခု အောင်မြင်နိုင်ရေး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်အခြေခံအချက်များကို ပြည်သူလုထုပူးပေါင်းပါဝင်မှုအားဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောခဲ့သည့် ပြည်သူနှင့်အတူဆိုသည့်အတိုင်း ပြည်သူအရေး၊ ပြည့်သူ့ဆန္ဒ၊ ပြည်သူကိုမျက်နှာမူ၍ ပြည်သူ့အစိုးရအဖြစ်ခံယူ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း တိုင်းပြည်၏ အပြောင်းအလဲအချိန်အခါတွင် စိတ်ရှည်ပေးကြရန်နှင့် မတူကွဲပြားမှုကို …

Read More »

တောင်နဝင်းရေလှောင်တမံပြုပြင်ခြင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ ကြည့်ရှုစစ်ဆေး

FI

မတ် ၈ (ပေါက်ခေါင်း) ====================== ပေါက်ခေါင်းမြို့နယ်၊ တောင်နဝင်းရေလှောင်တံမံ ပြုပြင်ခြင်းဆည်ဆောက်ရေးလုပ်ငန်းခွင်သို့ မတ်(၈)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ တောင်နဝင်းရေလှောင်တမံ စီမံကိန်းရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က Borrow လမ်းဖောက်ခြင်း၊ တမံ D/S အောက်ခြေရှင်းလင်းခြင်း၊ D/S Slope မှ ကျောက်ကြီးများဖယ်ရှားခြင်း၊ Finger Drain (ရေစစ်သဲ)ခင်းခြင်း၊ တမံမြေဖို့ခြင်း၊ Slope Drain နှင့် D/S ကျောက်ကြီးစီခြင်း၊ ဘိလပ်မြေသရွတ်တွင်းတူးခြင်း၊ ဘိလပ်မြေသရွတ်မှုတ်ခြင်း၊ စူးစမ်းစိန်လွန်တွင်းတူးခြင်း၊ တမံထိတ်မျက်နှာပြင် မြေဖယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် တမံထိပ် မြေဖို့ခြင်း၊ Parate အုတ်စီခြင်း၊ တမံကျောက်ကြီးစီခြင်းနှင့် Drain တည်ဆောက်ခြင်း လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါ တောင်နဝင်းပင်မရေလှောင်တံသည် …

Read More »

ပေါက်ခေါင်းမြို့နယ်၊ အင်ငါးခွကျေးရွာအုပ်စု ကျေးရွာမီးလင်းရေး ထောက်ပံ့ငွေပေးအပ်ပွဲသို့ ပဲခူးတိုင်းဝန်ကြီးချုပ် တက်ရောက်

FI

ပေါက်ခေါင်း မတ် ၈ ==================== ပေါက်ခေါင်းမြို့နယ်၊ ဇေယျသုခ အင်ငါးခွဘုန်းတော်ကြီးကျောင်း၌ နံနက် (၁၀)နာရီခွဲအချိန်က ကျေးရွာမီးလင်းရေးထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ရာပဲခူးတိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်သည်။ ဝန်ကြီးချုပ်က “နိုင်ငံတော်နှင့်ပြည်သူများအတွက် ဆောင်ရွက်ရာတွင်ကျရာတာဝန် ထမ်းဆောင်ရမည်ဖြစ်သောကြောင့် မီးလင်းရေးကော်မတီအသစ်အနေဖြင့် အကောင်းဆုံး ဆောင်ရွက်နိုင်ကျရန်၊ စာရင်းစစ်ဆေးပြီးကျန်ရှိသော လိုငွေများထဲမှ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် အင်ငါးခွကျေးရွာမီးလင်းရေးကော်မတီအသစ်မှ ကော်မတီဝင်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ထောက်ပံ့ငွေ(၁၇၅)သိန်းအား ထောက်ပံ့ပေးအပ်ရာ အင်ငါးခွကျေးရွာမီးလင်းရေးကော်မတီဝင်(၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ အင်ငါးခွကျေးရွာသည် အိမ်ခြေ(၁၇၃)၊ လူဦးရေ(၇၂၂)ဦး၊ မီးလင်းပြီးအိမ်ခြေ(၅၁)လုံး၊ မီးလင်းရန်ကျန်အိမ်ခြေ(၁၂၂)လုံး ရှိကြောင်း သိရသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အင်ငါးခွကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Read More »

ပဲခူးမြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပပြုလုပ်

FI

မတ် ၈ (ပဲခူး) ================== မတ်လ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမတွင် ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေကြပြီး မြန်မာ့ရာဇဝင်တွင်လည်း အလွန်ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ စာဆိုအကျော်အမော်တွေ၊ အနုပညာရှင်တွေ၊ စွမ်းဆောင်ရှင်တွေ များစွာပေါ်ထွန်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုတို့ကို အဓိကအခြေခံသည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိဆောင်ရွက်လျှက်ရှိကြောင်း၊ အမျိုးသား အမျိုးသမီးတန်းတူ ညီမျှရေးသည်လည်း အရေးကြီးပြီးအမျိုးသမီးများ နိုင်ငံရေးနယ်ပယ်မှာ တန်းတူညီမျှမှု ပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာနယ်ပယ်များတွင် တန်းတူညီမျှပါဝင်ခွင့်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာကိုဖတ်ကြားပြီး တက်ရောက်လာသူများက …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ဆေးရုံနှင့် သရေခတ္တရာ(ပျူ)မြို့ဟောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

FI

မတ် ၈ (ပြည်) ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါလျက် မတ်လ (၈)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က  ပြည်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေလွင်က ဆရာဝန်နှင့် လူနာအချိုး၊ လက်ရှိဆေးဝါးကုသပေးနေမှု အခြေအနေ၊ နှစ်စဉ်ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ဆေးရုံအတွင်း ထပ်မံလိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူ့ဆေးရုံသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများရဲ့ အမြင့်မြတ်ဆုံး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နေ့စဉ်လူနာများနှင့် ထိတွေ့ဆက်ဆံရာတွင် ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံကြရန်၊ ဆေးဝါးလိုအပ်မှုများအား ပြည်ထောင်စုအဆင့်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရသလို အရေးပေါ်ကာလများတွင်လည်း မိမိတို့အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်တလော ခွေးရူးပြန်ကာကွယ်ဆေးများကို အလှူရှင်များနှင့် ချိတ်ဆက်၍ ပဲခူးပြည်သူ့ဆေးရုံကြီးကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆေးရုံးဝန်း အတွင်း/အပြင် သန့်ရှင်းရေး၊ အစားအသောက်များ သန့်ရှင်းရေး၊ လိုအပ်ပါက FDA အဖွဲ့မှ ကွင်းဆင်းစစ်ဆေးရန်နှင့် ဆေးကုသမှုများ ကုသိုလ်ရသည့် …

Read More »