Home / 2019 / March / 09

Daily Archives: March 9, 2019

နေရာလပ်မကျန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲများကျင်းပပြုလုပ်

FI

မိုးညို မတ် ၉ =================== သာယာဝတီခရိုင် မိုးညိုမြို့နယ် ဖိုးစတောကျေးရွာအုပ်စု ရတနာသီရိဓမ္မဗိမာန်ကျောင်းတိုက်၌ မတ်လ(၉)ရက်နေ့၊ နေ့လည်(၁၂) နာရီအချိန်က ဒေသဖွံ့ဖြိုးရေးနှင့် ဒေသလိုအပ်ချက်များပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ကျေးရွာများတွင် အုပ်ချုပ်ရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ မီးလင်းရေးကိစ္စရပ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့်မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ဖိုးစတောကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးရွာတွင်တရားဥပဒေစိုးမိုးဖို့ဆောင်ရွက်ပေးနိုင်ပါရန်၊ မြေစာကျေးရွာအုပ်စုမှ ကမ်းပြိုခဲ့ရာမှ မြေနုကျွန်းများပေါ်ထွန်းလာရာမှ မြေဧကများပြန်လည်ခွဲဝေမှု မျှတခြင်းမရှိသောကြောင့် ပြန်လည်ဖြေရှင်းပေးနိုင်ပါရန်၊ ကျေးရွာလမ်းများအဆင့်မြှင့်တင်ပေးရန်တင်ပြရာ ဝန်ကြီးချုပ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဌာနဆိုင်ရာများသည် မိုးညိုမြို့နယ် ကရင်ချောင်ကျေးရွာ ဝိဇယာရာမကျောင်းတိုက်အတွင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ …

Read More »

အထည်ချုပ်လုပ်ငန်း အလုပ်အကိုင်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ပေါ်ထွန်းရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

FI

မတ် ၉ (ပဲခူး) ================ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ နေပြည်တော်မှ ဦးဆောင်၍ မတ်လ(၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ပဲခူးမြို့ ဥဿာကျော်ဟိုတယ်၌ အထည်ချုပ်လုပ်ငန်း အလုပ်အကိုင်ဆိုင်ရာ စစ်ဆေးအကဲဖြတ်ရေးဌာနများ တည်ထောင်ပေါ်ထွန်းရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု”စံ”သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် (NSSA)တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်တို့က စစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးမြို့ ပြည်ပစက်မှုဇုန်တာဝန်ခံ ဦးဟိန်းထက်က အထည်ချုပ်လုပ်သားအလုပ်အကိုင် (Assessment Center) တည်ထောင်နိုင်ရန် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ အထည်ချုပ်ကျွမ်းကျင်လုပ်သား အလုပ်အကိုင်၏Chief Assessor i ဒေါ်လှသီတာက Garment Sewing Machine Operator အလုပ်အကိုင်အတွက် စစ်ဆေးအကဲဖြတ်ရေးဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ အောင်မြင်မှုအထည်ချုပ်ကျွမ်းကျင်သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက …

Read More »