Home / 2019 / March / 10

Daily Archives: March 10, 2019

သာယာဝတီခရိုင်အတွင်း စက်မှုလယ်ယာစနစ်တကျလယ်မြေစီမံကိန်းဆောင်ရွက်နေမှုနှင့် Community Learning Centre ဆောက်လုပ်နေမှုအား ဝန်ကြီးချုပ် စစ်ဆေးကြည့်ရှု

FI

လက်ပံတန်း မတ် ၁၀ ======================= ၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဖော်ထုတ်သော စက်မှုလယ်ယာ စနစ်ကျလယ်မြေ(၁၀၂)ဧက ဖော်ထုတ်ရေးစီမံကိန်းအခြေအနေအားရှင်းလင်းတင်ပြခြင်းကို မတ်လ(၁၀) ရက်နေ့ နံနက်(၁၀း၃၀)အချိန်က သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်၊ ရေကန်ကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ကွင်းအမှတ်(၁၀၉၈၊သပြေပင်ကွင်း)၌ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာဝန်ကြီးချုပ်က လယ်စိုက်ဖို့အချိန်မှီမမှီ၊ ရေလုံလောက်စွာရရှိမှုရှိမရှိ မေးမြန်းရာ ပဲခူးတိုင်းစိုက်ပျိုးရေးညွှန်ကြားရေးမှူး ဦးလှမြင့်ကပြန်လည်ရှင်းလင်းတင်ပြသည်။စက်မူလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးညွှန်ကြားရေးမှူး ဦးဝင်းရွှေက စက်မူလယ်ယာစနစ်တကျလယ်မြေ(၁၀၂)ဧကဖော်ထုတ်ရေးစီမံကိန်းတွင် လုပ်ငန်းများဖော်ထုတ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မင်းလှမြို့နယ် သာယာကုန်းကျေးရွာအုပ်စု မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ Community Learning Center RC ၁ထပ် ဆောက်လုပ်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ အဆောက်အဦအား ၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ် ခွင့်ပြုငွေကျပ် ၄၉.၃ သန်းဖြင့် Red Full Moon ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး RC(၁)ထပ် (၆၀ပေ×၃၅ပေ×၁၂ပေ)ရှိကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်ရှိ တံတားအမှတ်(၃/၈၉)တည်ဆောက်ခြင်းအား ကြည့်ရှု

FI

မတ် ၁၀ (လက်ပံတန်း) =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ(၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ လက်ပံတန်းမြို့နယ် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်ရှိ လက်ပံတန်းမြို့အဝင် တံတားအမှတ်(၃/၈၉)တည်ဆောက်ခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက တံတားအမှတ်(၃/၈၉) တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှလိုအပ်သည်များလမ်းညွှန်မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါတံတားသည် လက်ပံတန်း-ကျွန်းကလေးလမ်း မိုင်(၈၈/၃)နှင့်မိုင်(၈၈/၄)အကြားရှိ ယခင်သစ်သားတံတားနေရာတွင် အရှည်(၁၄၀)ပေ၊ အကျယ်(၄၀)ပေ နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ကာ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၅၀၄)သန်းဖြင့် IDECO Co.,Ltdမှတာဝန်ယူကာ စက်တင်ဘာလအပြီးပြန်လည် တည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ တံတားအမှတ်(၃/၈၉)သည် လက်ပတန်း မြို့အဝင်တံတားဖြစ်ပြီး ယခင်မူလက ဘေလီတံတားဖြစ်လို့ တစ်လမ်းမောင်းတံတားဖြစ်ရာ ခံနိုင်ဝန် အကန့်အသတ်ရှိသည့်အတွက် RCC နှစ်လမ်းသွားတံတားအဖြစ် ပြန်လည်တည်ဆောက်ပေးမှာဖြစ်သဖြင့် ပြည်သူများစိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်မှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) …

Read More »