Home / 2019 / March / 11

Daily Archives: March 11, 2019

ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စည်ပင်သာယာရေးလုပ်ငန်းများအစီရင်ခံစနစ် အကောင်အထည်ဖော်ခြင်း အခမ်းအနားကျင်းပ

FI

မတ် ၁၁ (ပဲခူး) ====================== မတ်လ(၁၁)ရက်နေ့ မွန်းလွဲ(၁:၄၀)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စည်ပင်သာယာရေးလုပ်ငန်းများဝန်ဆောင်အစီရင်ခံသည့်ဆော့ဝဲစနစ် စတင်အကောင်အထည်ဖော်အသုံးပြုခြင်း မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစောညိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တွင် ပြည်သူများ၏ စည်ပင်သာယာရေးလိုအပ်ချက်များ စောင့်ကြည့်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေးသည့် အစီအစဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့  ညွှန်ကြားရေးမှူးဦးအောင်မြင့်က ရှင်းလင်းပြောကြားသည်။ ထို့နောက် ICT နည်းပညာသုံးပြီး အုပ်ချုပ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်အောင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့မှတာဝန်ရှိသူ Mr.Zubair K Bhattiကလည်းကောင်း၊ စည်ပင်သာယာရေးဝန်ဆောင်မှုအစီရင်ခံသည့်စနစ် ပလက်ဖောင်းနှင့်ပတ်သက်ပြီး အသုံးပြုပုံနည်းလမ်းများ၊ အဆိုပါအစီရင်ခံစနစ် Application ကို ဖုန်းဖြင့် ဒေါင်းလုပ်ရယူပုံ၊ အချက်အလက်ဖြည့်သွင်းခြင်းများ နှင့် ပေးပို့ခြင်းများပြုလုပ်ပုံအဆင့်ဆင့်ကို ကမ္ဘာ့ဘဏ်(ICT)အကြံပေး ဦးမျိုးမင်းဦးကလည်းကောင်းရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များမေးကြသည်။ ပြည်သူများသည် မိမိတို့၏ပတ်ဝန်းကျင်ရှိ စည်ပင်သာယာရေးနှင့်ပတ်သက်သည့် အခြေအနေများ၊ …

Read More »

ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော်နိုင်ရေး လာရောက်ဆွေးနွေး

FI

မတ် ၁၁ (ပဲခူး) ================ မတ်လ (၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး  Myanmar Zhejiang Chamber of Commerce မှ Mr. Tu Guo Ding ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆုံ တင်ပြခဲ့သည်။ ရှေးဦးစွာ ဒါရိုက်တာ ဦးသူရအောင်က Myanmar Zhejiang Chamber of Commerce သည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၄)ခုအား လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆပ်အင်းကျေးရွာအနီး၌ နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် ဖော်ဆောင်နိုင်ရေး လုပ်ငန်းစီမံချက် အသေးစိတ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက …

Read More »