Home / 2019 / March / 14

Daily Archives: March 14, 2019

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

FI

မတ် ၁၄ (ပဲခူး) =================== မတ်လ (၁၄)ရက်နေ့၊ ညနေ(၆)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံရခြင်းသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်များ၊ လက်ရှိနိုင်ငံအစိုးရသွားနေသည့် မူဝါဒ၊ လမ်းစဉ်များအား သိရှိစေရန်ဖြစ်ကြောင်း၊ နိုင်ငံရေးစနစ်တွေ ဘယ်လိုပင်ပြောင်းလဲစေကာမူ အုပ်ချုပ်ရေးမဏ္ဍိုင် မယိုင်လဲအောင် ရပ်/ကျေးအဆင့်မှစ၍ ပြည်ထောင်စုအဆင့်ထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတာဝန်ထမ်းဆောင်ရခြင်းကို လေးစားတန်ဖိုးထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင်လည်း လိုက်ပါနိုင်ရန်လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အငြိမ်းစားဝန်ထမ်းကြီးများ၊ …

Read More »