Home / 2019 / March / 17

Daily Archives: March 17, 2019

ပြည်သူများ၏အခက်အခဲပြဿနာများ ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

FI

မတ် ၁၇ (ညောင်လေးပင်) ============== ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ တပ်ဦးအောင်ချမ်းသာဘုန်းတော်ကြီးကျောင်းတွင် မတ်လ(၁၇)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြည်သူများ၏အခက်အခဲပြဿ နာများဖြေရှင်းပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က လူထုနှင့်ပတ်သက်သောပြဿနာများ၊ ဌာနဆိုင်ရာများနှင့် ပတ်သက်သောပြဿနာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သောပြဿနာများကို မြန်မြန်ဆန်ဆန် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် လူထုတွေ့ဆုံပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ဒေသအတွက်ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်သူများ၏ တွေ့ကြုံနေရသည့် အခက်အခဲပြဿနာများကို ပွင့်လင်းစွာတင်ပြပေးရန်၊ ဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ပေးရန်အတွက်လည်း ပြည်သူများက ကျသင့်သောအခွန်အခများကို မှန်ကန်စွာပေးဆောင်ကြရန် အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသောစည်ပင်ကျေးရွာ၊ဇီးကုန်းကြီးကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ မုက္ခမူကျေးရွာ၊ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများက ကမ်းပါးပြိုကြခြင်း ဒဏ်ကာကွယ်ထိန်းသိမ်းပေးရန်ကိစ္စ၊ ကျေးရွာအသီးသီးရှိပြည်သူများက သိမ်းဆည်းခံလယ်ယာမြေများကိစ္စ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စ၊ လမ်းများအဆင့်မြှင့်တင်ရေးကိစ္စ၊ ပုံစံ(၇)ထုတ်ယူရာတွင် ကွင်းအမှတ်မှားယွင်းစွာထုတ်ယူခြင်းကိစ္စ၊ အထွက်တိုးစခန်းကိစ္စ၊ တိုက်နယ်ဆေးရုံခွင့်ပြုပေးရေးကိစ္စ၊ စားကျက်မြေပယ်ဖျက်ပေးရေးကိစ္စ၊ သဘာဝဘေးဒဏ်ခံ လယ်မြေယာအတွက် ထောက်ပံ့မှုပေးဆောင်သည့်ကိစ္စ စသည့်ကိစ္စရပ်များကို တင်ပြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် …

Read More »

(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ညောင်လေးပင်မြို့၌ဖွင့်လှစ်

FI

မတ် ၁၇ (ညောင်လေးပင်) ================ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကြားတောရ(၁)လမ်း အုတ်ဖိုတောရကျောင်းရှေ့တွင် မတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းဆေးရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းရင်းဆေးရုံများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတိုင်းရင်းဆေးဆရာတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်သူများ၏ကျန်းမာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြုစုစောင့်ရှောက်မှု …

Read More »