Home / 2019 / March / 25

Daily Archives: March 25, 2019

Bago Badminton Tournament 2019 ပြိုင်ပွဲ နှင့် ဆုချီးမြှင့်အခမ်းအနားကျင်းပပြုလုပ်

FI

မတ် ၂၅ (ပဲခူး) ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ပဲခူးတိုင်းဒေသကြီး အားကစား နှင့်ကာယပညာဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး ကြက်တောင်ကော်မတီတို့ဦးစီးကျင်းပသော Bago Badminton Tournament 2019 ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားအား ပဲခူးတိုင်းဒေသကြီး အားကစားခန်းမတွင် (၂၅-၃-၂၀၁၉)ရက်နေ့ နေ့လည် (၂)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းနှင့် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများ ပရိသတ်များ၊ တတ်ရောက်အားပေး ကြည့်ရှူခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရ ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေးပြီး အကြီးတန်းကြက်တောင်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆု – ဒုတိယဆု တတိယဆုရရှိကြသော အားကစား သမားများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းမှ ဆုနှင့်ငွေသားဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »