Home / 2019 / April / 02

Daily Archives: April 2, 2019

အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဧပြီ ၂ (ပဲခူး) ================= ပဲခူးတိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှဦးဆောင်၍ ဧပြီလ(၂)ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးမြို့ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ၂၀၁၉ခုနှစ် ပဲခူးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင်အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား(၂၅)နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသားအလွတ်တန်း၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသား(၂၅)နှစ်အောက်၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသားအလွတ်တန်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသမီး(၂၅)နှစ်အောက်၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် လူငယ်(၂၀)နှစ်အောက် ပြိုင်ပွဲများအား နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား(၂၅)နှစ်အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား တိုင်းဒေသကြီး လူမှုဆက်ဆံရေးအရာရှိ ဦးဝင်းဌေးကလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာစစ်တုရင် အမျိုးသား အလွတ်တန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား ပဲခူးတိုင်းဒေသကြီး စစ်တုရင်းဆပ်ကော်မတီ ဥက္ကဌ ဦးအေးသန်းကလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်အမျိုးသား (၂၅)နှစ်အောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယရရှိသူများအား ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဆရာမကြီး ဒေါ်မေသက်နွယ်ကလည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင် အမျိုးသားအလွတ်တန်းပြိုင်ပွဲတွင် …

Read More »

Bago Region Investment Committee ၏ လုပ်ငန်းအချက်အလက်များ

2

ဧပြီ ၂ (ပဲခူး) ================ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ Bago Region Investment Committee ၏ လုပ်ငန်းအချက်အလက်များ ထုတ်ပြန်ကြေငြာခြင်း အပြည့်အစုံဖတ်ရှုရန်—————————–  

Read More »

ပဲခူးတိုင်းဒေကြီးအတွင်း လုပ်ငန်းအမျိုးအစားလိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖိတ်ခေါ်ခြင်း

Presentation1

ဧပြီ ၂ (ပဲခူး) =================== ပဲခူးတိုင်းဒေသကြီးတွင် စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ဖိတ်ခေါ်လျက်ရှိပါသည်။ အပြည့်အစုံကြည်ရှုရန်———————————-

Read More »

ပဲခူး၊တောင်ငူ၊ပြည်မြို့တို့တွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက်

FI

ဧပြီ ၂ (ပဲခူး) ================ ဧပြီလ (၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Golden Zenith Construction Co., Ltd မှ ပဲခူး၊တောင်ငူ၊ ပြည်မြို့များ၌ တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရေး လာရောက်တွေ့ဆုံကမ်းလှမ်းခဲ့သည်။ ရှေးဦးစွာ Golden Zenith Construction Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမြင့်သန်းဦးနှင့် ဦးညိုဝင်းအောင်တို့က ပဲခူးမြို့၊ တောင်ငူမြို့နှင့် ပြည်မြို့တို့တွင် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ပဲခူး၊ တောင်ငူနှင့် ပြည်မြို့တို့သည် ခရိုင်မြို့ကြီးများဖြစ်ကြပြီး နောင်အနာဂတ်တွင် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ အထပ်မြင့်အဆောက်အဦများ ပိုမိုလိုအပ်လာနိုင်မည်ဖြစ်၍ ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ မိမိတို့ကုမ္ပဏီအနေဖြင့် (၆)ခန်းတွဲ (၄)ထပ်၊ အိမ်ခန်းအကျယ်အဝန်း (၅၄၀)စတုရန်ပေ၊ အိမ်ခန်း(၁)ခန်း၊ ဧည့်ခန်း(၁)ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သြဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်

FI

ဧပြီ ၂ (ပဲခူး) =================== ဧပြီလ (၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီ:အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ သြဂဲနစ်သီးနှံများ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးနိုင်ရေး Ayar Grow Co., Ltd နှင့် မျိုးသာကီကုမ္ပဏီလီမိတက်တို့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးယုနွယ်နှင့် ဒါရိုက်တာ ဦးဘော်နီဦးတို့က မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံအတွင်း ဓါတုကင်းလွတ် သဘာဝမြေသြဇာထုတ်လုပ်ခြင်း၊ သြဂဲနစ်သီးနှံ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများအား လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်း ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဖြန့်ဖြူးရောင်းချနေသည့် သြဂဲနစ်သီးနှံ (၆၀)%သည် သဲကုန်းမြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်ရှိလျက်ရှိပြီး မိမိတို့ကုမ္ပဏီမှလည်း နည်းပညာ ဖြန့်ဖြူးပေးခြင်းနှင့် တောင်သူအကျိုးတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် သြဂဲနစ်သီးနှံ စျေးကွက်တစ်ခု ခိုင်မာစေရန်နှင့် ပြည်သူများ ကျန်းမာသန့်ရှင်းသော သြဂဲနစ်သီးနှံ စားသုံးနိုင်ရန် ရည်ရွယ်ရခြင်းဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် …

Read More »