Home / 2019 / April / 04

Daily Archives: April 4, 2019

အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများ ဖြန့်ဝေမိတ်ဆက်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဧပြီ ၄ (ပဲခူး) ==================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လွှတ်တော်ရေးရာကော်မတီနှင့် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ပဲခူးတိုင်းဒေသကြီး)တို့ ပူးပေါင်းပြီး ပဲခူးမြို့စက်မှုဇုန်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ မန်နေဂျာနှင့် အလုပ်သမားများအား အလုပ်သမားရေးရာအသိပညာပေး ဆွေးနွေးပွဲနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများ ဖြန့်ဝေမိတ်ဆက်ခြင်းဆိုင်ရာ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း အလုပ်သမားရေးရာ အငြင်းပွားမှုဖြစ်စဉ်များအား လေ့လာပါက လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခံရခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း၊ အလုပ်နေရာပြောင်းရွေ့ခြင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ဖောက်ဖျက်ခြင်း၊ စက်ရုံပိတ်သိမ်းခြင်းနှင့် အခွင့်အရေးပိုမိုရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းတို့ကို တွေ့ရှိရကြောင်း၊ အဆိုပါအငြင်းပွားမှုတွေကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ရာမှာ နှစ်ဦးနှစ်ဖက်လိုက်နာဆောင်ရွက်မှသာ ပြေလည်မှုရရှိနိုင်မှာဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများ၊ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးကြသည့် ပုဂ္ဂိုလ်များ၊ အလုပ်ရှင် အလုပ်သမားများက ကိုယ်စီလိုက်နာဆောင်ရွက်ကြပြီး …

Read More »

ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

FI

ပဲခူး ဧပြီ ၄ ================= ဧပြီလ(၄)ရက်နေ့ နံနက်(၈)နာရီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားခန်းမ၌ နွေရာသီ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး နွေရာသီ အားကစား(၈)မျိုးဖြင့် သင်တန်းပြီးမြောက်သွားသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် သင်တန်းသားသင်တန်းသူများက ဘောလုံး၊ ကရာတေးဒို၊ fitness dance၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ အလေးမ၊ စားပွဲတင်တင်းနစ်၊ တင်းနစ် စသည့်အားကစားများဖြင့် ပြန်လည်ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ်များ ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းဖြင့် …

Read More »

ပဲခူးမြို့တွင် စက်မှုဇုန်လုပ်ငန်းများ တည်ဆောက်နိုင်ရေး ကိုးရီးယားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်တွေ့ဆုံ

FI

ဧပြီ ၄ (ပဲခူး) =========================== ဧပြီလ (၄)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးဒေသတွင် က်မှုဇုန်လုပ်ငန်းများ တည်ဆောက်နိုင်ရေး ကိုးရီးယားနိုင်ငံအခြေစိုက် Taekwang Myanmar Development Co., Ltd မှ Vice President , Mr. Lee Hyung Jin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr. Lee Hyung Jin က မိမိတို့ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ လွန်ခဲ့သော(၁၀)နှစ်ခန့်ကတည်းက ရောက်ရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခုအခါ ပဲခူးဒေသတွင် စက်မှုဇုန်လုပ်ငန်းများနှင့် အိမ်ရာစီမံကိန်းများ ဆောင်ရွက်နိုင်ရေး လာရောက်ရခြင်းဖြစ်ကြောင်း၊ စက်မှုဇုန်လုပ်ငန်းများ တည်ထောင်ခြင်းအားဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အခွန်အခများ တိုးတက်ရရှိလာနိုင်မည်ဖြစ်၍ ရင်းနှီးမြှုပ်နှံဆောင်ရွက်ရန် လာရောက်ခဲ့ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ …

Read More »