Home / 2019 / April / 05

Daily Archives: April 5, 2019

ပဲခူးမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေရေးအတွက် ခေါင်းဆေးကျွန်းချောင်းအောက်ပိုင်း ရေနုတ်မြောင်းအား တူးဖော်ဆောင်ရွက်လျှက်ရှိ

Slide2

ဧပြီ ၅ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုများနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ်မှု လျောပါးသက်သာစေရေး လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိရာ ပဲခူးမြို့နယ်အတွင်း (၂၀၁၈-၂၀၁၉)ခုနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသော ခေါင်းဆေးကျွန်းချောင်းအောက်ပိုင်း ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ခေါင်းဆေးကျွန်းချောင်းအောက်ပိုင်းသည် ရေနက်ကွင်းဖြစ်သည့်အတွက် နှစ်စဉ် ပဲခူးမြစ်ရေ အတက်အကျရေဝင်ရောက်မှုနှင့်အတူ နုန်းထိုင်တိမ်ကောခြင်း၊ ကိုင်းပင်၊ မြက်ပင်၊ ရေဆူးပုတ်ပင်များ ထူထပ်စွာ ပေါက်ရောက်ခြင်းကြောင့် မိုးရာသီအတွင်း ပဲခူးမြို့၊ ရပ်ကွက်ကြီး (၇) ရန်ကုန်-မန္တလေးကားလမ်းအထက်ပိုင်းမှ စီးဆင်းလာသောရေများ၊ ခေါင်းဆေးကျွန်းကန်မှ စီးဆင်းလာသောရေများနှင့် ကျွန်းသာယာရပ်ကွက်အတွင်းမှ စီဆင်းလာသောရေများ ပေါင်းဆုံဝင်ရောက်လာသောအခါ ချောင်းအတွင်း ရေထုတ်နုတ်မှုအားနည်း၍ အဆိုပါရပ်ကွက်များ ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်ခံစားခဲ့ကြရသဖြင့် ချောင်းဆေးကျွန်းချောင်းအောက်ပိုင်း ရေနုတ်မြောင်းအား ပဲခူးမြစ်နှင့် အဆုံမှ အထက်ဘက်သို့ အလျား(၀.၄၇)မိုင်၊ အောက်ခြေအကျယ်(၄၅)ပေ၊ ပျမ်းမျှအနက်(၆)ပေ ဖြင့် …

Read More »

မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအစီရင်ခံစာ ၂၀၁၇ (Key Indicators Report) ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၅ (ပဲခူး) ==================== ဧပြီလ (၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအစီရင်ခံစာ ၂၀၁၇ (Key Indicators Report) ရှင်းလင်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စာရင်းအချက်အလက် ကိန်းဂဏန်းများသည် တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး မူဝါဒများချမှတ်ရာတွင် အရေးပါကြောင်း၊ စီးပွားရေးမူဘောင်များ ချမှတ်ဆောင်ရွက်ရာတွင် စာရင်းအင်းများ ရှေ့နောက်ညီညွတ်မှုရှိရန်၊ အချိန်မီရရှိရန်၊ ယုံကြည်ကိုးစားနိုင်သော ခိုင်မာသည့် စာရင်းအင်းများဖြစ်စေရန် အရေးကြီးကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအစီရင်ခံစာ ၂၀၁၇ (Key Indicators Report) ပြုစုနိုင်ရေး ပြည်နယ်/တိုင်းဒေသကြီးများသို့ မြေပြင်စာရင်းကောက်ယူခဲ့မှု Video Clip အားပြသခဲ့ပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း အဓိကညွှန်းကိန်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့မှုအပေါ် …

Read More »