Home / 2019 / April / 08

Daily Archives: April 8, 2019

တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဧပြီ ၈ (တောင်ငူ) ============================== ဧပြီလ (၈)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ ဒိုးသောင်ကျေးရွာအုပ်စု၊ ရှမ်းဝတီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံပြည်သူလူထုနှင့် လာရောက်တွေ့ဆုံရခြင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ လက်ရှိမြေပြင်တွင် ဒေသခံပြည်များ၏ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် လိုအပ်ချက်များ၊ ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံရာတွင် အဆင်မပြေမှုများ၊ မြေယာအငြင်းပွားမှုများ စသည့် ပြည်သူတို့၏ လိုလားမှုများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်၊ နိုင်ငံတော်အစိုးရမှ လျှောက်လှမ်းနေသည့် ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရား ပီပြင်စွာဖြစ်ပေါ်လာနိုင်ရေး၊ NCA ကဲ့သို့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု၊ မြို့ပြ/ကျေးလက် လူမှုစီးပွားဘဝများ တန်းတူဖွံ့ဖြိုးတိုးတက်လာနိုင်ရေး ဆောင်ရွက်နေမှုများအား သိရှိစေရန်၊ အေးချမ်းတည်ငြိမ်သော လူအဖွဲ့အစည်းတစ်ခု တည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး၏ ပင်မရေသောက်မြစ်သည် ယုံကြည်မှုပင်ဖြစ်ကြောင်း၊ …

Read More »

ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

FI

ဧပြီ ၈ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမတွင် ဧပြီလ(၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က သင်တန်းဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ရေအရည်အသွေးနှင့် ငါးရောဂါရှာဖွေခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း ငါးမွေးမြူထုတ်လုပ်မှုများ နည်းစနစ်မှန်မှန်ဖြင့် ထုတ်လုပ်နိုင်ရန်၊ ရေအရည်အသွေး ငါးရောဂါထိန်းချုပ်ကာကွယ်မှုနှင့် သက်ရှိအစားအစာဘာသာရပ်များ၊ GAqP ကောင်းမွန်သော မွေးမြူ ရေးကျင်းစဉ်များကို သိရှိနားလည်စေရန်ရည်ရွယ်၍ ဧပြီလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/သူ(၃၅)ဦး တက်ရောက်ကြောင်း သိရသည်။ “ပဲခူးတိုင်းဒေသကြီးသည် ဆန်စပါးအမြောက်အများထွက်ရှိသည့်အတွက် မြန်မာနိုင်ငွ၏ဒုတိယစပါးကျီဟု တင်စားခေါ်ဝေါ်သည့်အပြင် မြစ်ချောင်းအင်းအိုင်များပေါများသဖြင့် ရေထွက်ကုန်ပစ္စည်းဖြစ်သည့် ငါးများလည်းအမြောက်အများ ထွက်ရှိသောကြောင့် မြန်မာနိုင်ငံ၏ ဒုတိယဟင်းအိုးကြီးလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူအများစုသည် ရေလုပ်ငန်းဖြင့် အသက်ဝမ်းကြောင်းနေကြပြီး တိုင်းဒေသကြီးတွင် …

Read More »