Home / 2019 / April / 10

Daily Archives: April 10, 2019

ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဧပြီ ၁၀ (ပဲခူး) =============== ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမတွင် ဧပြီလ(၁၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေ၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်နှင့် ပဲခူးတိုင်းဒေသကြီးလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းနှင့် မြေယာကိစ္စရပ်များဆိုင်ရာကော်မတီ ဥက္ကဌ ဦးမျိုးခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေး ဓါတ်ခွဲခန်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ငါးလုပ်ငန်းပညာပေးသင်တန်းခန်းမနှင့် ငါးရောဂါရှာဖွေရေးဓါတ်ခွဲခန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး လွှတ်တော်ဥက္ကဌ၊ တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် စိုက်ပျိုးရေး၊ ပဲခူးတိုင်းဒေသကြီးလွှတ်ဥက္ကဌ ဦးခင်မောင်ရင်က အမှာစကားပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့်က ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ …

Read More »

ပဲခူးမြို့တွင် (၇၁)နှစ်မြောက် ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

FI

ဧပြီ ၁၀ (ပဲခူး) ============== ပဲခူးမြို့ သီရိဟံသာခန်းမ၌ ဧပြီလ(၁၀)ရက်နေ့ နံနက်(၁၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၁၉ခုနှစ်ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးရာမှာ ဒေသတွင်း၌ မည်သည့်အရပ်ဒေသတွင် နေထိုင်သည်ဖြစ်စေ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အားဖြည့်ဆောင်ရွက်ရမှာဖြစ်ပြီး မည်သူမျှနောက်ကျမကျန်ရစ်အောင် ကြိုးစားကြဖို့လိုကြောင်း၊ စတင်ဆောင်ရွက်စဉ်မှာ ခက်ခဲတဲ့စိန်ခေါ်မှုများရှိမည်ဖြစ်သော်လည်း ဦးစားပေးလုပ်ငန်းများချမှတ်ကာ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဆိုပါက တိုးတက်လာမှာဖြစ်ကြောင်း၊ ပဏာမကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများသည် ဟန်ချက်ညီဖို့လိုကြောင်း၊ အပြန်အလှန်ပံ့ပိုးမှုများ တွန်းအားပေးမှုများရှိဖို့လိုကြောင်း၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာပါက ဆေးရုံတွေမှာ လူနာအမြောက်အများ စုပြုံနေခြင်းကို ကျဆင်းစေမှာဖြစ်ကြောင်း၊ ပြည်သူလူထုအကျိုးကို ရှေးရှုဖို့ဆ်ုသည့် ခိုင်မာသောသံန္နိဌာန်ချမှတ်ထားပါက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများ မလွဲမသွေရရှိမှာဖြစ်ကြောင်း အဖွင့်အမှာစကားပြောပြီး လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သော မြို့နယ်/တိုက်နယ်ဆေးရုံများအား ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအေးငြိမ်းက ရှင်းလင်းပြောကြားသည်။ ထို့နောက် …

Read More »