Home / 2019 / May

Monthly Archives: May 2019

ပြည်တွင်းထုတ်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

FI

မေ ၃၁ (ပဲခူး) ====================== မေလ (၃၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သား၊ ဝက်သား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များအား ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေး Myanmar C.P Livestock Co., Ltd မှ ဒေါက်တာမျိုးသန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Myanmar C.P Livestock Co., Ltd. Coordinator ဦးအောင်မျိုးမြတ်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများတွင် Village Fund Project ဖြင့် ကြက်မွေးမြူရေးနှင့် ဝက်မွေးမြူရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေအား Video Clip ဖြင့်လည်းကောင်း၊ Vice President ဒေါက်တာမျိုးသန့်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့နယ်များရှိ ကျေးရွာ(၃၂)ရွာတွင် မွေးမြူရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရေးဆိုင်ရာ အခမ်းအနားကျင်းပပြုလုပ်

FI

မေ ၃၁ (ပဲခူး) ================= ပဲခူးမြို့ မြို့တော်ခန်းမတွင် မေလ(၃၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့ စည်းရေးဆိုင်ရာ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်သည် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် မသန်စွမ်းမှုဆိုင်ရာ အတားအဆီးများ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် အကျုံးဝင်ပါဝင်ခြင်းဆိုင်ရာ အတွေ့အကြုံများကိုအခြေခံပြီး ဖော်ထုတ်ရရှိသည့် သုတေသနရလဒ်များမှတဆင့် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိမှု အခြေအနေ တိုးတက်ပြောင်းလဲလာစေရေးအတွက် သုတေသန စစ်တမ်းကောက်ယူရန် စီစဉ်နေသည်ကိုသိရှိရကြောင်း မိမိတို့အစိုးရနှင့်အတူ ဌာနဆိုင်ရာများ ပြည်သူလူထုအားလုံးမှလည်း အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးလျှက်ရှိကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ခန္ဓာကိုယ်မသန်စွမ်းသော်လည်း စိတ်ဓာတ်ကျမသွားဘဲ အမြဲဘဲစိတ်ဓာတ်တွေ သန်စွမ်းနေရန် ကြိုးစားအားထုတ်ပြီး နိုင်ငံအတွက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဌ(၂)ဦးမိုးဇင်က ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့စည်းရာတွင် ချမှတ်ထားသည့် …

Read More »

ပဲခူးမြို့တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

FI

မေ ၃၁ (ပဲခူး) ==================================== ပဲခူးမြို့ သီရိဟံသာခန်းမ၌ မေလ(၃၁)ရက်နေ့ နံနက် (၉) နာရီအချိန်က ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူလူထုများ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်သည့် တိုင်းဒေသကြီးဖြစ်ရန်အတွက် အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေးအတွက် နိုင်ငံတော်မှပြဌာန်းထားသည့် ဥပဒေ အမိန့်ကြော်ငြာစာများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ပြည်သူလူထုကလည်း ကျန်းမာရေးအသိရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြသိင်္ဂီက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်းက ဆေးလိပ်၊ ဆေးရွက်ကြီး …

Read More »

ပဲခူးမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ် ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု

FI

မေ ၃၀ (ပဲခူး) ==================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၃၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပြီး ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုကြသည်။ ရှေ့ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူတိုင်းပညာတတ်မှ လူတိုင်းပညာရှိမှ အေးချမ်းသာယာပြီး ခေတ်မီတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ လူတိုင်းပညာတတ်ရေး၊ ပညာရှိရေးအတွက် အရွယ်(၃)ပါးမှ ပထမအရွယ်ဖြစ်သော ကျောင်းနေအရွယ်ကလေးများ ပညာရှာရန် ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းသို့ ရောက်ရှိရန်လိုအပ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းသို့ရောက်ရှိရန် ပညာရေးဌာနတစ်ခုထဲ လုပ်ဆောင်၍မရဘဲ အစိုးရ၊ လူမှုရေးအဖွဲ့အစည်း၊ မိဘပြည်သူ၊ ဆရာ၊ကျောင်းသား ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေကြောင်း အမှာစကားပြောကြားကာ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းစစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုးက ကျောင်းအပ်နှံရေးဆိုင်ရာ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်/ ရပ်ကွက်/ ကျေးရွာအလိုက် အသက်(၁၈)နှစ် ပြည့်ပြီးသူများ လူဦးရေစာရင်း ထုတ်ပြန်ကြေငြာချက်

1

မေ ၂၉ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်/ ရပ်ကွက်/ ကျေးရွာအလိုက် အသက်(၁၈)နှစ် ပြည့်ပြီးသူများ လူဦးရေစာရင်း ထုတ်ပြန်ကြေငြာချက် အပြည်အစုံကြည့်ရှုရန်————————

Read More »

အသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

FI

မေ ၂၉ (ပဲခူး) ===================== မေလ (၂၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် Naypyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်) တို့ မြေငှားစာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် လူ့စွမ်းအား အရင်းအမြစ်ကို ပိုမိုတိုးတက်မြင့်မားစေရန် ဦးစားပေးဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါမှလည်း နိုင်ငံတကာနည်းတူ လုပ်သားတိုင်း ထိုက်တန်သည့် လုပ်ခငွေကြေးရရှိနိုင်မည်ဖြစ်ကြောင်း၊ NayPyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်) အနေဖြင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေသော အသက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက်မှုကိုလည်း ကြိုဆိုပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်ပါစေကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် …

Read More »

အိမ်သုံးဆေးဝါးနှင့် ဖြည့်စွက်စာထုတ်လုပ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

FI

မေ ၂၉ (ပဲခူး) ========================== မေလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် Amethyst Co., Ltd တို့နှင့် မြေငှားစာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေရသလို စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ ယခင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှ နိမ့်ကျခဲ့ရသော်လည်း ယခုအခါ ရင်းနှီးမြှုပ်မှုနှင့်ဆိုင်သော ခိုင်မာသောမူဝါဒများ၊ စီးပွားရေးနှင့်ဆိုင်သော ခိုင်မာသောမူဝါဒ/လမ်းစဉ်များ ချမှတ်ထားပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝဆောင်ရွက်လာနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ Amethyst Co., Ltdမှ မြန်မာ့ဒေသထွက်ကုန်ပစ္စည်းများဖြင့် ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဖြည့်စွက်စာ(အားဆေး)များ ထုတ်လုပ်မည်ကို သိရှိရသဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် …

Read More »

ပဲခူးမြို့ ပြည်တွင်းစက်မှုဇုံတွင် ဖိနပ်စက်ရုံဖွင့်ပွဲ ကျင်းပပြုလုပ်

FI

မေ ၂၈ (ပဲခူး) ================= ပဲခူးမြို့၊ ဥဿာမြို့သစ်(၉)ရပ်ကွက်၊ ခရေလမ်း၊ အကွက်အမှတ်(၂၃) ပြည်တွင်းစက်မှုဇုံနယ်မြေ ညောင်အင်းတွင် မေလ(၂၇)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က MYANMAR NEW MENGSHENG SHOES ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ တည်ထောင်ဖွင့်လှစ်သည့်အတွက် ကျေးဇူးတင်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး Nipoon Steel ကုမ္ပဏီမှ တာဝန်ရှိသူနှင့် MYANMAR NEW MENGSHENG SHOES စက်ရုံ မန်နေးဂျင်းဒါရိုက်တာ Mr. Boping Zhouတို့က စက်ရုံ၏ အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် MYANMAR NEW MENGSHENG SHOES ဖိနပ်စက်ရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ MYANMAR NEW MENGSHENG SHOES စက်ရုံ မန်နေးဂျင်းဒါရိုက်တာ Mr. Boping …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ်၊ ချင်းစုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

မေ ၂၆ (အုတ်ဖို) ========================== မေလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၄၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အုတ်ဖိုမြို့နယ်၊ အောက်ကိုင်ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာ၊ အောင်သုခဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံလူထုတွေ့ဆုံပွဲမှတစ်ဆင့် ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ မည်သည့်ကိစ္စရပ်မဆို ပေါင်းစပ်ညှိနှိုင်း အဖြေရှာခြင်းသည် စစ်မှန်သော ဒီမိုကရေစီ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများအကြား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှာသာ မေတ္တာတရားကို အခြေခံပြီး လောကပါလတရားနှင့်အညီ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူသားတစ်ဦးချင်းစီသော တန်ဖိုးထားသော လူသားဝါဒကို အခြေခံသော ကိုယ်ချင်းစာတရားနှင့်ပြည့်စုံသော သဘောသဘာဝများ ပါဝင်လျက်ရှိကြောင်းနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကာလတွင် စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲရေးသည် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကဝေစု−အညာတန်း−ဖလံပင်−ဆင်ကူးမြေသားလမ်း …

Read More »

ဝန်ကြီးချုပ် ဦ:ဝင်းသိန်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ

FI

မေ ၂၆ (ကြို့ပင်ကောက်) ================================ မေလ (၂၆)ရက်နေ့၊ နံနက် (၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၊ ကျစွာဘုရား ရန်အောင်မြင်ဘုန်းတော်ကြီ:ကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦ:စွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခုမှာ လူ့စွမ်းအားအရင်းအမြစ်ကို မသုံးချပဲ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲပြီး တိုင်းပြည်ထူထောင်ခြင်းသည် အလွန်မှားယွင်းသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ သယံဇာတသည် အချိန်အတိုင်းအတာတစ်ခုထိသာ သုံးစွဲနိုင်ပြီး ရေရှည်ရရှိနိုင်သည့် အခွင့်အရေးတစ်ခု မဟုတ်ဘဲ ကုန်ဆုံးသွားနိုင်သည့် ရုပ်ဝတ္တုပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်သုံးစွဲခြင်းကသာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခု ဖြစ်ပြီး တိုင်းပြည်အတွက် ရေရှည်တန်ဖိုးရှိနိုင်မည်ဖြစ်ကြောင်း၊ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် သဘာဝသယံဇာတကျိန်စာဟုခေါ်သော သဘာဝဘေးများ နှစ်စဉ်ကြုံတွေ့နေကြရသည်ကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ဒါကြောင့် လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်နိုင်ရန် မိမိတို့အစိုးရလက်ထက်တွင် အခြေခံပညာရေးစနစ်ကို …

Read More »