Home / 2019 / May / 03

Daily Archives: May 3, 2019

ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

FI

ပဲခူး မေ ၃ ======================== မေလ(၃)ရက်နေ့ နံနက်(၉)နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အသင်းတို့ ယှဉ်ပြိုင်ကြရာ သာယာဝတီခရိုင်အသင်းက အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အကောင်းဆုံးအားကစားဆုကိုရရှိသူ ကျောနံပတ်(၁) ထက်လင်းအောင် ပြည်ခရိုင်အား ဆုတံဆိပ်နှင့် ငွေသားဆုကို ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ခရိုင်အသင်းအား တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်ကလည်းကောင်း၊ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးကလည်းကောင်း၊ ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ကလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ ပဲခူးတိုင်းဒေသကြီး(၄)ခရိုင်ပြိုင်ပွဲမှ အကောင်းဆုံးကစားသမားများကို စုစည်း၍ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး နှင့်ပြည်နယ် …

Read More »

ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းဝန်ကြီးချုပ်တို့ သနပ်ပင်မြို့နယ်နှင့်ကဝမြို့နယ်တို့မှ ရှေးဟောင်းဘုရားစေတီများအား ဖူးမျှော်ကန်တော့

FI

မေ ၃ (ပဲခူး) ==================== ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့သည် မေလ(၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်က သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အနောက်တံခွန်တိုင်ကျေးရွာ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ ကျိုက်ဒေးကစီကျောင်းတိုက်သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ကာ လှူ ဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။ ထို့နောက် ဝန်ကြီးချုပ်များနှင့်အဖွဲ့သည် ရှေးဟောင်းကျိုက်ဒေးကစီ စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံပြုပြင် တည်ဆောက်မှုအားကြည့်ရှုရာ သဲအင်းဂူဝိပဿ နာဓမ္မရိပ်သာ ကျိုက်ဒေးကစီကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးက ရှေးဟောင်းကျိုက်ဒေးကစီဘုရား ပြန်လည်မွမ်းမံ ပြုပြင်တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားကာ ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ရှေးဟောင်းဘုရားများ ပြန်လည်မွမ်းမံပြုပြင် တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကဝမြို့နယ် ဖလေးကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့် ကျိုက်မတ်ကော်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ကန်တော့ပြီး ရနုကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ ဆက်သွယ်သွားလာမည့် လမ်းတစ်လျှောက်ရှိ လမ်းနှင့်တံတားများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တိုင်းဒေသကြီးနှစ်ခု လမ်းကွန်ယက် ချိတ်ဆက်နိုင်ရေး တွေ့ဆုံနွေးဆွေး

FI

မေ ၃ (ပဲခူး) ============ မေလ (၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တိုင်းဒေသကြီးနှစ်ခု လမ်းကွန်ယက် ချိတ်ဆက်နိုင်ရေး တွေ့ဆုံနွေးဆွေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် တစ်ခုနှင့်တစ်ခု အမှီပြုပြီး ကုန်းလမ်းကြောင်းအရ ချိတ်ဆက်မှု အများဆုံးဖြစ်ကြောင်း၊ ကဝမြို့နှင့်လှည်းကူးမြို့သို့ ဆက်သွယ်သော (သပြု-ဒါးပိန်)လမ်းသည်နောင်တစ်ချိန်တွင် သီလဝါအထိ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရမ်း-သုံးခွ-သနပ်ပင်လမ်းကိုလည်း မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မကြာမီ ကုန်းတွင်းထွက်ပေါက်တစ်ခုအဖြစ် အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ရန်ကုန်းတိုင်းဒေသကြီးနှင့် ပေါင်းစပ်၍ လမ်းကွန်ယက်များ ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့နှင့် ပဲခူးမြို့အား တစ်ပြေးညီ တသားတည်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် ချိတ်ဆက်ရမည့် လမ်းကွန်ယက်များ ဖော်ဆောင်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် နီးကပ်လျက်ရှိသော လှည်းကူးမြို့ကိုလည်း အဆင့်မြင့်တင်ရန် …

Read More »

သက်တော်(၉၆)နှစ်ရှိ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သွားရောက်ဖူးမျှော်ကန်တော့

FI

မေ ၃ (ပဲခူး) =============== မေလ(၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် ပဲခူးမြို့ ဗိုလ်ကုန်း(၁၈)ရပ်ကွက်၊ အောင်သုခဓမ္မရိပ်သာကျောင်းတိုက်သို့ သွားရောက်ပြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် သက်တော်(၉၆)နှစ်ရှိ အောင်သုခဓမ္မရိပ်သာဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂီဈာပနအတွက် အလှူ ငွေကျပ်(၅)သိန်းအား ဦးဆောင်နာယကဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကြီး၏ အဓိပတိမဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာ သက်တော်(၉၆)နှစ်၊ ဝါတော်(၄၃)ဝါသည် ဧပြီလ(၂၇)ရက်နေ့ည(၁၁:၁၀)နာရီအချိန်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံပျံလွန်တော်မူသွားသဖြင့် တပည့်ရဟန်းသံဃာများနှင့့်် ဒါယကာ ဒါယိကာမများက ဆရာတော်ကြီး၏ရုပ်ကလပ်တော်အား ပဲခူးမြို့ရှိ ဆရာတော်သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ကာ အပူဇော်ခံထားရှိပြီး မေလ(၅)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် အောင်သုခဓမ္မရိပ်သာမှ လောင်တိုက်တော်ကျင်းပမည့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ရဟတ်ယာဉ်ကွင်းသို့ ပင့်ဆောင်ပြီး တေဇောဓာတ်ဖြင့် အန္တိမအဂ္ဂိဈာပနာ မီးပူဇော်မည်ဖြစ်ကြောင်းသိရသည်။

Read More »