Home / 2019 / May / 07

Daily Archives: May 7, 2019

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၉) အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

မေ ၇ (နေပြည်တော်) ============================= မေလ (၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၉) အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦ:ဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရေရှည်ရှင်သန်နိုင်ရေး၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေး၊ အရင်းအနှီးချေးငွေရရှိနိုင်ရေး နှင့် လိုအပ်သောမူဝါဒများ ချမှတ်ဆောင်နိုင်ရေး တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

အမျိုးသားမြေအသုံးချမှုကောင်စီ(တတိယအကြိမ်)မြောက် အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

မေ ၇ (နေပြည်တော်) ======================== မေလ(၇)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အင်ကြင်းခန်းမ၌ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်ကျင်းပပြုလုပ်သော  မြေအသုံးချမှုကောင်စီ(တတိယအကြိမ်)မြောက် အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်း မြေအသုံးချမှု စနစ်တကျ ဖြစ်စေရေး၊ သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း အကျိုးရှိရှိ အသုံးပြုနိုင်ရေး၊ မြေယာနှင့်ပတ်သည့် သတ်မှတ်အခွန်နှုန်းထားများအတိုင်း အပြည့်အဝ ရရှိနိုင်ရေးနှင့် အနာဂတ်တွင် ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သော Eco Tourism နှင့် သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများအား တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »