Home / 2019 / May / 14

Daily Archives: May 14, 2019

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်များအား ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

FI

မေ ၁၄ (ပဲခူး) ===================== မေလ (၁၄)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ရေတာရှည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ ယိုင်နဲ့ နေအိမ်များသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ ခင်တန်းကြီးကျေးရွာ၊ ဇီးအုပ်ကျေးရွာ၊ သို့ ရောက်ရှိခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် နေအိမ်များအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး ပျက်စီးသွားသည့် နေအိမ်များစာရင်း၊ ပျက်စီးဆုံးရှုံးမှုတန်ဖိုး စသည်တို့အား အမြန်ဆုံးစာရင်းပြုစုတင်ပြရန်နှင့် အမြန်ဆုံးပြန်လည်ပြုပြင် ထောက်ပံ့နိုင်ရေး ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးအား လမ်းညွှန်မှာကြားခဲ့သည်။ ရေတာရှည်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ခင်တန်းကြီးကျေးရွာ၊ ဇီးအုပ်ကျေးရွာ၊ တောင်နီကုန်းကျေးရွာများနှင့်အတူ ကျေးရွာအုပ်စု(၅)အုပ်စုခန့်တွင် နေအိမ်များ၊ စာသင်ကျောင်းများ အမိုးလန်ခြင်း၊ ယိုင်နဲ့ခြင်း စသည်တို့ ထိခိုက်ပျက်စီးခဲ့သည်ဟု ကနဦးသတင်းအရ သိရှိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့ပေါ် ရပ်ကွက်များအတွင်း မြို့နယ်စည်ပင်သာယာရေးဦးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော မြို့တွင်း လမ်း/တံတားများအား …

Read More »

ပဲခူးမြို့ ၂၀၁၉ခုနှစ် သုတစုံလင်ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီး နောက်ဆုံးအဆင့် ပြိုင်ပွဲအခမ်းအနားကျင်းပ

FI

ပဲခူး မေ ၁၄ =================== မေလ (၁၄)ရက်နေ့ နံနက်(၈)နာရီက ပဲခူးမြို့ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြုအသက်းကြီးမှ ဦးစီးကျင်းပသော ၂၀၁၉ သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲကြီးကို ပဲခူးမြို့မြို့ တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သုတစုံလင်ဉာဏ်ကြီးရှင်ပြိုင်ပွဲကြီး ၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက  တို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ကလည်းကောင်း၊ သိန္တိသုခအသင်းကြီး၏ နာယကဆရာတော် အရှင်ပါကဠာလင်္ကာရ၊ ပဲခူးမြို့ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြုအသင်းကြီး၏ နာယက ဒေါ်လှကြည်ကလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးအတွင်းရေးမှူး ဦးမင်းဟိဏ်းဇော်ကလည်းကောင်း အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် ဆရာတော်များအား လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့်အစိုးရအဖွဲ့ဝန်ကြီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းပေးကြပြီးနောက် အထက(၃)မှ ကျောင်းသား/ကျောင်းသူလေးများက ထာဝရသစ္စာသီချင်းဖြင့်လည်းကောင်း၊ မြို့တွင်းအနောက်(ခ) အလက(ခွဲ)ကျောင်းမှ သမီးငယ်လေးများက …

Read More »

ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်

FI

မေ ၁၄ (ပဲခူး) ================================= မေလ (၁၄)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ စည်ပိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံအနှံအပြားတွင် ပြဿနာရပ်များစွာရှိပြီး ဒေါသ၊ အာဏာ၊ အတ္တတို့ကိုင်ဆွဲပြီး ဖြေရှင်းဆောင်ရွက်ပါက ပြဿနာရပ်များ ပိုမိုရှုပ်ထွေးခြင်း၊ ပိုမိုကြီးထွားလာခြင်း၊ နောင်ဆုံးတော့ ရန်သူသဖွယ် တိုက်ခိုက်မှုများအထိ ဖြစ်ပွားခဲ့ကြောင်း၊ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်တွင် ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်စေလျက် ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ် အဖြေရှာခြင်းနည်းကိုသာ အသုံးပြုကြကြောင်း၊ ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် မေတ္တာတရား၊ လောကပါလတရားကို လက်ကိုင်ထားပြီး အားလုံးပေါင်းစပ် ညှိနှိုင်းအဖြေရှာခြင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားကြောင်း၊ ဒါမှသာ တရားဥပဒေစိုးမိုးပြီး ငြိမ်းချမ်းတည်ငြိမ်သော ဒီမိုကရက်တစ် လူအဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ပေးနိုင်မည်ဖြစ်ကြောင်း …

Read More »