Home / 2019 / May / 15

Daily Archives: May 15, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဆွာရေဘေးကြောင့် ပြောင်းရွှေ့မည့်လူများ နေထိုင်ရန် အိမ်ယာဆောက်လုပ်မှုနေအား ကြည့်ရှုစစ်ဆေး

FI

မေ ၁၅ (ရေတာရှည်) ===================== မေလ (၁၅)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျွန်းတောစုကျေးရွာ(ရွာဟောင်း)၊ လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ အိမ်ထောင်စုများ အတွက် ပြောင်းရွှေ့မည့်လူများ နေထိုင်ရန် အိမ်ယာဆောက်လုပ်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့သို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ်က မိုးရာသီမရောက်မီ ပြည်သူများ အမိုးအကာအောင် အမြန်ဆုံးရောက်ရှိစေရေး၊ ဌာနဆိုင်ရာများအနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်တို့ လိုက်ပါသွားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

ရေတာရှည်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ ရွှေ့ပြောင်းမည့်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပပြုလုပ်

FI

မေ ၁၅ (ရေတာရှည်) ======================== မေလ (၁၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်၊ ရှင်းလင်းဆောင်၌ လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ ရွှေ့ပြောင်းမည့်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦ:စွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျွန်းတောစုကျေးရွာသစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီခဲ့သော နိုင်ငံတော်အစိုးရ၊ ပြင်ပအလှူရှင်အဖွဲ့အစည်းအသီးသီးကို ကျေးဇူးတင်ရှိကြောင်း၊ ယခုအခါ ကျွန်းတောစု ကျေးရွာသစ် ဖြစ်ပေါ်လာပြီဖြစ်၍ မိမိတို့အစိုးအပိုင်းမှ ဖြည့်ဆည်းပေးသင့်သည်များကို ပြုလုပ်ဆောင်ရွက်ပေးခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနမှလည်း ပြောင်းရွှေ့စရိတ်များ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာသူ/သားများအနေဖြင့်လည်း မိမိတို့၏ ကျေးရွာရှိ အဆောက်အဦများကို ထိန်းသိန်းစောင့်ရှောက်ရန် တာဝန်ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ပြောင်းရွှေ့စရိတ် ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် လှည်းလမ်းကူးကျေးရွာနှင့် သမဆည်ကျေးရွာတို့မှ ကျွန်းတောစုကျေးရွာသစ်သို့ ပြောင်းရွှေ့မည့် အိမ်ထောင်စုများအတွက် (၁)အိမ်ထောင်လျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ၊ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောင်းဆောင်သစ်၊ ရေတွင်းနှင့် ရေကန် ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

FI

မေ ၁၅ (ရေတာရှည်) ==================================== မေလ (၁၅)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ကျွန်းတောစုကျေးရွာသစ်၊ ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်သော ကျောင်းဆောင်သစ်၊ ရေတွင်းနှင့် ရေကန် ပေးအပ်လှူဒါန်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ  ကျောင်းဆောင်သစ်(၂)ဆောင်အား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာသန့်သော်ကောင်း၊ The Embassy Of Czech Republic မှ သံအမတ်ကြီး H.E Mr. Jaroslav Dolecek တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် ကျောင်းဆောင်ပေးအပ်လှူဒါန်းပွဲ ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ကျိုးပေါက်မှုကြောင့် ပျက်စီးမှုအများဆုံးဖြစ်သော ကျွန်းတောစုကျေးရွာအား နေရာပြောင်းရွှေ့အသစ် တည်ဆောက်ပေးခြင်း၊ လိုအပ်သော ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်တို့ကို အစိုးရနှင့်အတူ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်သူများအတွက် မြေချဉ်ပြုပြင်ဆေးရည် အခမဲ့လှူဒါန်းပွဲသို့ တက်ရောက်

FI

မေ ၁၅ (ရေတာရှည်) ==================================== မေလ (၁၅)ရက်နေ့၊ နံနက်(၈)နာရီအချိန်က ရေတာရှည်မြို့နယ်၊ စိုင်တမော့ကြီးကျေးရွာ၊ ဓမ္မာရုံ၌ ဒေသခံတောင်သူများအတွက် မြေချဉ်ပြုပြင်ဆေးရည် အခမဲ့လှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံ လူဦးရေ၏ (၇၀%)ခန့်သည် တောင်သူလယ်သမားများဖြစ်ပြီး တောင်သူလယ်သမားများ၏ လူနေမှုဘဝအခြေအနေကို မြှင့်တင်ပေးနိုင်မှသာ တိုင်းပြည်၏ စီးပွားရေးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးမြေဧက (၃၃)သိန်းကျော်ရှိပြီး စိုက်ပျိုးရေးကို အခြေပြုသည့် တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံရေးဆိုးမွေကြောင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝများ အဘက်ဘက်မှ နိမ့်ကျခဲ့ရကြောင်း၊ ဒါကြောင့် မိမိတို့အစိုးရအနေဖြင့် တောင်သူများ၏ လူနေမှုဘဝများ ဘက်စုံထောင့်စုံမှ မြှင့်တင်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုလို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်သူလယ်သမားအတွက် မြေချဉ်ပြုပြင်ဆေးရည် လာရောက်လှူဒါန်းပေးသော Crown Company ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှမြင့်က …

Read More »