Home / 2019 / May / 18

Daily Archives: May 18, 2019

ပဲခူးမြို့၌(၆၉)ကြိမ်မြောက် ညောင်ရေသွန်းပွဲတော် ကျင်းပပြုလုပ်

FI

မေ ၁၈ (ပဲခူး) ============== ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော် အင်္ဂါထောင့်ရှိဗောဓိညောင်ပင်တွင် မေလ(၁၈)ရက်နေ့ ကဆုန်လပြည့်နေ့ နံနက်(၇:၃၀)နာရီအချိန်က (၆၉)ကြိမ်မြောက် ညောင်ရေသွန်းပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အဆိုပါညောင်ရေသွန်းပွဲတော်သို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါကပအဖွဲ့နာယက ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်နှင့်ဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များတက်ရောက်ကြပြီး “ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ”ဂါထာတော်ကို(၃)ခေါက်ရွတ်ဆိုမေတ္တာပို့ကာ ညောင်ရေတော်များသွန်းလောင်းပူဇော်ကြသည်။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားသည့်ဘာသာရေးပွဲကို ဗုဒ္ဓဘာသာဝင်များကပါဝင်ဆင်နွှဲကြသည်။ ကဆုန်လရာသီသည် နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိပြီး ဘုရားပွင့်တော်မူသည့်ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းပူဇော်ကြသည်။ ပဲခူးမြို့၌ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအပြင် ကျိုက်ပွန်လေးမျက်နှာစေတီတော်မြတ်ကြီးနှင့် သမိုင်းဝင်စေတီပုထိုများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့ဓမ္မာရုံများတွင် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြကြောင်းသိရသည်။ “ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိညောင်ပင်သည်ဘုရားရှင်၏ ပရိဘောဂစေတီတော်ဖြစ်သတ်မှတ်ထားရှိသည့်အတွက် ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ …

Read More »