Home / 2019 / May / 19

Daily Archives: May 19, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဘုရားကြီးမြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

မေ ၁၉ (ဘုရားကြီး) ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မေလ(၁၉)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးမြို့နယ် ဘုရားကြီးမြို့ မဟာဝိဇယရံသီစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဗုဒ္ဓဝိဟာရကျောင်းတော်ရာဓမ္မာရုံ၌  ဘုရားမြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း(၅)ထောင်ကျော်ရှိပြီး အချိန်ရသလောက် လူထုအတွင်း ဖြစ်ပေါ်လျက်ရှိသော ပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ လာရောက်တွေ့ဆုံပေးနေရခြင်းဖြစ်ကြောင်း၊ ပြဿနာရပ်များ ဖြေရှင်းရာတွင် အတ္တကို ကိုင်စွဲမှုမပြုစေဘဲ မေတ္တာတရားကို အခြေခံ၍ ဖြေရှင်းဆောင်ရွက်မှသာ အေးချမ်းတည်ငြိမ်သော လူအများစုလက်ခံနိုင်သော ဒီမိုကရေစီကျသော အဖြေတစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့် အောက်ခြေပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲ ပြဿနာများကို အများအကျိုးရှေးရှုတင်ပြပေးရန်၊ ဘုရားကြီးမြို့သည် မကြာမီအချိန်အတွင်းမှာ မြို့ပြချဲ့ထွင်မှု နယ်မြေအတွင်း ပါဝင်လာမည်ဖြစ်ပြီး စီးပွားရေးအရ အချက်အခြာကြသည့် မြို့ပြတစ်ခု ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ရာတွင် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဒိုက်ဦး မေ ၁၉ =============================== မေလ(၁၉)ရက်နေ့ နံနက်(၈)နာရီက ပဲခူးခရိုင် ဒိုက်ဦးမြို့နယ် ကတုတ်ဘုရားကြီးကျေးရွာအုပ်စု ကန်ညီနောင်ကျေးရွာ မိုးကောင်းဓမ္မရိပ်သာဓမ္မာရုံ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကျေးရွာနေ ဒေသခံပြည်သူများနှင့်လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြို့နယ်ကျေးရွာအတွင်း သိမ်းဆည်းမြေနှင့် မြေယာပြဿနာများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလိုအပ်ချက်နှင့် အခက်အခဲများကို ပြည်သူ့အသံနားထောင်ပြီး ဌာနဆိုင်ရာများ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းအဖြေရှာ ဆောင်ရွက်ပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဒိုက်ဦးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများက သိမ်းဆည်းမြေများပြန်လည်ရရှိရေး၊ ပုံစံ(၇)များရရှိနိုင်ရေး၊ စားကျက်မြေများပယ်ဖျက်ပေးကာ လယ်ယာမြေလုပ်ကိုင်ခွင့်များရရှိရေး၊ ရထားလမ်းဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်ထားသော လူနေအိမ်များဖယ်ရှားပေးနိုင်ရေးနှင့် ကျူးကျော် ဈေးဆိုင်ခန်းများဖယ်ရှားရှင်းလင်းပေးနိုင်ရေး၊  ရွာမြေဟောင်းအား ဖော်ထုတ်တိုင်းတာပေးနိုင်ရေး၊ ဒိုက်ဦးမြို့ ပြည်သူ့ဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေးများ လိုအပ်လျက်ရှိနေကြောင်း စသည်တို့အား တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်များနှင့် …

Read More »