Home / 2019 / May / 21

Daily Archives: May 21, 2019

ဒီမိုကရေစီနည်းကျ မြို့နယ်အဆင့် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပြုလုပ်

FI

မေ ၂၁ (ပဲခူး) ============================== မေလ (၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဒီမိုကရေစီနည်းကျ မြို့နယ်အဆင့် ဒေသန္တရအုပ်ချုပ်ရေးလုပ်ငန်းစဉ် စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဗြိတိန်နိုင်ငံပြည်သူများ၏ အလှူငွေနှင့် UNDP မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ မြို့နယ်အဆင့် ဒီမိုကရေစီနည်းကျလုပ်ငန်းစဉ် စီမံချက်များ ဆောင်ရွက်ခဲ့ရာ တတိယနှစ်ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှစတင်၍ ကဝမြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ သနပ်ပင်၊ ရေတာရှည်၊ ပေါက်ခေါင်း၊ မိုးညို စသည့် မြို့နယ်များတွင် ထပ်မံချဲ့ထွင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်သည် ပြည်သူများကိုယ်တိုင်ပါဝင်၍ မိမိတို့ဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများအား ပါဝင်ခွင့်ရရှိနိုင်သလို ပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရရှိနိုင်မည်ဖြစ်၍ UK Aid ထောက်ပံ့မှုကို UNDP မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း …

Read More »

ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပပြုလုပ်

FI

မေ ၂၁ (ပဲခူး) ================ မေလ(၂၁)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကဝမြို့ ကဝ-ခမေကြီးလမ်းပေါ်ရှိ ဖွင့်ပွဲမဏ္ဍပ်၌ ဗြိတိန်နိုင်ငံပြည်သူများ၏လှူ ဒါန်းငွေဖြင့် UNDP ကပံ့ပိုးကူညီပြီး ကျေးလက်လမ်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက မိမိတို့အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍကို အထူးသဖြင့် ကျေးလက်ဒေသများရဲ့လမ်းပန်းဆက်သွယ်ရေးကို ပိုမိုကောင်းမွန်အောင်ဦးစားပေးဆောင်ရွက်နေကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာတာနဲ့ ပညာရေး၊ ကျန်းမာရေး၊ ရောင်းဝယ်ကုန်သွယ်ရေးတွေအားလုံး ကျွဲကူးရေပါဆိုသလို တစ်ဆက်တစ်စပ်ထဲ တိုးတက်ကောင်းမွန်လာမှာဖြစ်ကြောင်း၊ ဒေသခံပြည်သူတွေအနေဖြင့်လည်း ဒီလမ်းကြီးကိုရေရှည်တည်တံ့အောင်ထိန်းသိမ်းဖို့အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အတူ ဝိုင်းဝန်းကူညီပေးစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E.Mr.Dan Chugg နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmarမှဌာနေကိုယ်စားလှယ်Mr.Peter Batchelor တို့ကနှုတ်ခွန်းဆက် စကားပြောကြားကာ ကဝ-ခမေကြီးကျေးလက်ကွန်ကရစ်လမ်းသစ်အား တာဝန်ယူဖောက်လုပ်ခဲ့သည့် T&VD Companyတာဝန်ရှိသူတစ်ဦးက ကဝ-ခမေကြီး ကျေးလက်ကွန်ကရစ်လမ်းသစ်အား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ကျော်လူထံသို့ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် …

Read More »