Home / 2019 / May / 22

Daily Archives: May 22, 2019

ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

FI

မေ ၂၂ (ပဲခူး) ======================== မေလ (၂၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးအန္တရာယ်သည် အချိန်မရွေးကျရောက်လာနိုင်သည့်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်မီဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ဖွဲ့စည်းပေးထားခဲ့ပြီးဖြစ်ကြောင်း၊ နှစ်စဉ်သဘာဝဘေးအန္တရာယ်ဖြစ်ပွားတတ်သည့် မြို့နယ်များတွင် အဆောက်အဦပုံစံများ သီးခြားရေးဆွဲ ဆောက်လုပ်ရန်၊ ရေကြီးမှုဖြစ်ပွားတတ်သည့် နေရာများတွင် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဘဏ္ဍာငွေ လျာထားမှုစနစ်ကျ ပြုစုထားရန်၊ ပြည်သူများအား အသိပညာပေးခြင်း၊ ကြိုတင်သတင်းဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ထားရန်၊ ဆည်/တမံများအတွင်းရှိ ရေများအား မိုးရေချိန်နှင့်ချိန်ညှိ၍ ရေလွှတ်ခြင်း၊ ဆည်/တမံ ကြံ့ခိုင်မှုများအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ရန်နှင့် ယမန်နှစ်က ဆွာရေဘေးကြောင့် အိမ်ထောင်စုများ ပြောင်းရွေ့ရေးအစီအစဉ်များအား အမြန်ဆုံး …

Read More »