Home / 2019 / May / 25

Daily Archives: May 25, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီမြို့နယ်၊ ယွန်းသွယ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

မေ ၂၅ (လက်ပံတန်း) ======================== မေလ (၂၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ ယွန်းသွယ်ကျေးရွာအုပ်စု၊ သရက်ချောင်း(အထက)၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကြောင့် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပျက်စီးခဲ့ကြောင်း၊ တခြားနိုင်ငံများ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည့် နိုင်ငံများသည် အရှိန်အဟုန်ဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်ခဲ့ကြောင်း၊ ဒီအခြေအနေကို ပြန်လည်ထူထောင်ရန်အတွက် အစိုးရအနေဖြင့် ဒီမိုကရေစီ သဘောတရားများ ရှင်သန်ရန် ကြိုးစားနေရသလို ပြည်သူများကိုယ်တိုင်ကလည်း ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ကျင့်သုံးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ၏ အဓိကရေသောက်မြစ်ဖြစ်သော ပညာရေးစနစ်များကို နှစ်အပိုင်းအခြားအလိုက် ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ဖွံ့ဖြိုးတိုးတက်စေရန် စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ အလေ့အကျင့်ကောင်းသည် မတူကွဲပြားမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းပေါင်းစပ် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း သာယာဝတီမြို့နယ်၊ စံရွေးဖိုးခေါင်ကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

FI

မေ ၂၅ (သာယာဝတီ) ======================== မေလ (၂၅)ရက်န့၊ နံနက် (၈)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ ကျဗြဲပေါက်တံတား တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရာတွင် သတ်မှတ်စံချိန် စံညွှန်းများအတိုင်း စိစစ်ကြီးကြပ်၍ တည်ဆောက်ရန်၊ တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီအနေဖြင့်လည် မိမိတို့အစိုးရ၏ တည်ဆောက်ရေးကဏ္ဍအပေါ် အထူးအထား ဆောင်ရွက်လျက်ရှိနေသည်ကို နားလည်သဘောပေါက်ရန်၊ အထူးသဖြင့် မည်သည့်အလုပ်ကိုမဆို စေတနာ၊ မေတ္တာထား ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သာယာဝတီမြို့နယ်၊ စံရွေးဖိုးခေါင်အုပ်စု၊ ညောင်ပင်သာကျေးရွာ၊ ရေကြီးရေလျှံစုဝေးခန်း၌ နံနက်(၈:၃၀)အချိန်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲသည် ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်သည့် ဒီမိုကရေစီအလေ့အကျင့်အတိုင်း ပြည်သူနှင့် ဌာနဆိုင်ရာများကြား ကြုံတွေ့နေရသည့် ခက်ခဲသောကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် …

Read More »