Home / 2019 / June

Monthly Archives: June 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

fi

ဇွန် ၂၉ (သနပ်ပင်) ================ ဇွန်လ (၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ တန်ကြီးချုပ် ဦးဝင်းသိန်းသည် သနပ်ပင်မြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ရှေးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းတို့က လူနေမှုဘဝများ မြှင့်မားနိုင်ရေးအတွက် ဒီမိုကရေစီ အခြေခံကောင်းများ ထွန်းကားစေရန်နှင့် အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာ ပူးပေါင်း၍ အင်အားတစ်ရပ်ကို ဖန်တီးကာ ဒီမိုကရေစီဖက်ဒယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာနိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန် အမှာစကား အသီးသီးပြောကြားခဲ့သည်။ ထို့နောက် တက်ရောလာသည့် ဒေသခံပြည်သူများက မြို့တွင်းလမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်၊ ရေကြီးနစ်မြှုပ်သည့် ရပ်ကွက်များအား ရေကြီးနစ်မြှုပ်မှု ကာကွယ်ရေးအစီအမံများ ကြိုတင်ဆောင်ရွက်ပေးထားရန်၊ မြေယာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့နယ် ကမာစဲကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဇွန် ၂၉ (သနပ်ပင်) ================ ဇွန်လ (၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သနပ်ပင်မြို့နယ် ကမာစဲကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများ ကျင်းပရခြင်းသည် ဒီမိုကရေစီစနစ်နှင့်အညီ ပြည်သူလူထုကြား ပြဿနာရပ်များကို အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းအဖြေရှာပေးနိုင်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအလယ်တွင် ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ကျရှုံးခဲ့မှုကို ကယ်တင်နိုင်ရန်အတွက် ပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ယနေ့အချိန်ထိ အောင်မြင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှေ့တန်းရောက်နေတဲ့ နိုင်ငံတိုင်းသည် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာကျင့်သုံးနိုင်ခဲ့တဲ့ နိုင်ငံတွေပဲဖြစ်ပြီး တိုင်းပြည်ကိုအာဏာစနစ်ဖြင့် အုပ်ချုပ်တဲ့နိုင်ငံတိုင်းဟာ ကျဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့နိုင်ငံကိုလည်း ဒီမိုကရေစီစနစ်ကို အခြေခံမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့်လည်း အစိုးရပဲ ဒီမိုကရေစီစနစ်ကို ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် ကြိုးစားဆောင်ရွက်နေသလို …

Read More »

မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်းတက်ရောက်

FI

ဇွန် ၂၉ (သနပ်ပင်) ================ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ လှာပကစ်ကျေးရွာတွင် ဇွန်လ(၂၉)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်၊ လှပကစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဝင်းတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လှပကစ်ကျေးရွာ သောက်ရေကန်ပေါင်ပေါ်တွင် သစ်ပင်စိုက်ပျိုးပေးကြပြီး ကျောင်းသား/သူများနှင့် ကျေးရွာသူ/သားများ အားကစားပြုလုပ်နိုင်ရန်အတွက် ကျောင်းအုပ်ဆရာကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အားကစားဘောလုံးများ ပေးအပ်ခဲ့သည်။ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)သည် အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေရှိ တစ်ထပ်အဆောက်အဦဖြစ်ပြီး သုတ၊ ရသ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ (၈၅၀)ကျော် ထားရှိထားကြောင်း သိရသည်။ မြန်မာမုဒိတာဖောင်ဒေးရှင်း …

Read More »

(MIC)ရုံးတွင် လာရောက်မှတ်ပုံတင်ထားသည့် ဆောက်လုပ်ရေး ကုမ္ပဏီများစာရင်း

MIC Notic

အသေးစိတ် အချက်အလက်များ ကြည့်ရှုရန်—————————— ========================================== ၇-၆-၂၀၁၇ မှ ၉-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁၂-၆-၂၀၁၇ မှ ၁၆-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁၉-၆-၂၀၁၇ မှ ၂၃-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၂၆-၆-၂၀၁၇ မှ ၃၀-၆-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၃-၇-၂၀၁၇ မှ ၁၄-၇-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁၇-၇-၂၀၁၇ မှ ၃၁-၇-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   ၁-၈-၂၀၁၇ မှ ၁၁-၈-၂၀၁၇ ထိ မှတ်ပုံတင်စာရင်း ပေးသွင်းထားသည့် ကုမ္ပဏီများစာရင်း   …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်စဉ်များ ဆောင်ရွက်ပေးနိုင်ရန် ဒေါက်တာမျိုးသက်နှင့်ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ

FI

ဇွန် ၂၈ (ပဲခူး) =========================== ဇွန်လ (၂၈)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအတွက် လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်ရန် Japan-Myanmar Center လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဗဟိုဌာနမှ ဒါရိုက်တာ ဒေါက်တာမျိုးသက်နှင့် ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဒေါက်တာမျိုးသက်မှ မိမိတို့အဖွဲ့သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC)၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် ဂျပန်-မြန်မာ အပြည်ပြည်ဆို်ငရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA)တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ထောင်ထားသည့် မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဗဟိုဌာနတစ်ခုဖြစ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် စီးပွားရေးနှင့်သက်ဆိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသင်တန်းများ၊ ဌာနဆိုင်ရာများအတွက် အုပ်ချုပ်ရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းများ ပို့ချပေးနိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပြီး၊ ယနေ့ခေတ်ကာလသည် လူ့စွမ်းအား အရင်းအမြစ်များ ဖော်ထုတ်ပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်မှသာ အနာဂတ်တွင် …

Read More »

DAN Mobile Application လက်တွေ့အသုံးချနည်း ရှင်းလင်းတင်ပြ

FI

ဇွန် ၂၇ (ပဲခူး) ========================= ဇွန်လ(၂၇)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး လွှတ်တော်ရုံးနှင့် အစိုးရအဖွဲ့ရုံးတို့ရှိ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ DAN Mobile Application လက်တွေ့အသုံးချ နည်းသင်ကြားပို့ချခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က DAN Mobile Application အသုံးပြုပုံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ လွှတ်တော်ကိုယ်စားလှယ်များက သိလိုသည်များ မေးမြန်းကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ  DAN Mobile Application နှင့် စပ်လျဉ်းသည့် Video အား ပြသခဲ့ပြီး၊ လက်ကမ်းစာစောင်များ၊ ကြော်ငြာစတစ်ကာများဖြန့်ဝေခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ DAN Mobile Application …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်

FI

ဇွန် ၂၆ (ပဲခူး) =============== ဇွန်လ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၂၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်စဉ်များအား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် မီဒီယာများမှ မိတ်ဆက်ခဲ့ပြီးနောက် သတင်းထောက် ဦးဇော်မိုး (Weekly Head Line News Journal) နှင့် ဦးမျိုးမြတ်(မြစ်မခ)တို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများ အကျိုးရလဒ်နှင့် ပြည်သူများနှင့် တွေ့ဆုံပွဲတွင် ဖြေရှင်းပေးရသည့် အများဆုံးအမှုကိစ္စများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးအောက်သို့ ပြောင်းရွှေ့ခဲ့မှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအပိုင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်စဉ် တင်ပြခဲ့သည့် တိုင်းကြားစာနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းဖြေကြားပေးရန် …

Read More »

ပဲခူးမြို့တွင် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

FI

ဇွန် ၂၆ (ပဲခူး) ===================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ၂၀၁၉ ခုနှစ် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)မှ ချမှတ်ပေးလိုက်သည့် ဆောင်ပုဒ်သည် “ကျန်းမာရေးနှင့် တရားရေးမူးယစ်ကင်းဖို့လက်တွဲစို့” ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး နိုင်ငံတော်၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေက မူးယစ်ဗဟိုအဖွဲ့ …

Read More »

အောက်ခြေအခက်အခဲများအား ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ဝန်ကြီးချုပ် ပြောကြား

FI

ဇွန် ၂၅ (ဇီးကုန်း) ======================= ဇွန်လ (၂၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဇီးကုန်းမြို့နယ်၊ ကံလေးကျေးရွာအုပ်စု၊ သစ်ဆင်ကျေးရွာ အောင်သုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် လူထုတွေ့ဆုံပွဲများတွင် အစိုးရ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်သူများ သိရှိစေရန် ဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိတို့ ဒီမိုကရေစီကာလတွင် လူထုတွေ့ဆုံပွဲများ ကျင်းပရခြင်းသည် ပြည်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အနာဂတ်အတွင်းလည်း ရုပ်ပိုင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အမွေပေးခဲ့ရမှာဖြစ်ကြောင်း၊ ဒီအခြေအနေမှာ ထာဝရ အေးချမ်းတည်ငြိမ်သော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် မတူကွဲပြားမှုကို လက်ခံပြီး စုပေါင်းအားတစ်ခုအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် သစ်ဆင်အရှေ့စုနှင့် ကံကလေးအုပ်စုတို့မှ မူလတန်းလွန်ကျောင်း လျှောက်ထားရန်ကိစ္စ၊ သစ်ဆင်ရေတံခါးမှ …

Read More »

တရားစီရင်ရေးဆိုင်ရာမဟာဗျူ ဟာစီမံကိန်း အကောင်အထည်ဖော်မှုရှင်းလင်းပွဲကျင်းပပြုလုပ်။

FI

ဇွန် ၂၅ (ပဲခူး) =============== ဇွန်လ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ရှိ တိုင်းဒေသကြီးတရားလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်မှု ရှင်းလင်းပွဲနှင့် ကြန့်ကြာမှုခင်းများ လျော့နည်းကျဆင်းရေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား သယံဇာတ၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူအားလုံး တရားဥပဒေစိုးမိုးခြင်း၏ အနှစ်သာရကို ပြည့်ပြည့်ဝဝခံစားစေဖို့ ပြည်ထောင်စုလွှတ်တော်တရားသူကြီးချုပ်ရဲ့ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်ရန်နှင့် ကြန့်ကြာမှုခင်းများ လျော့နည်းကျဆင်းစေရန် ဆောင်ရွက်ရမည့်အချက်များကို တရားရေးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ “TOWARDS IMPROVING JUSTICE FOR ALL” ဆောင်ပုဒ်အတိုင်း တရားရေးဌာနနှင့်အတူ စုပေါင်းအင်အားဖြင့် လျှောက်လှမ်းကြရန် ၊ မူခင်းစီမံခန့်ခွဲမှုစနစ်သည် ပြည်သူ့အတွက် အကျိုးဖြစ်ထွန်းနိုင်သည့် လုပ်ဆောင်ချက်များဖြစ်သောကြောင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် …

Read More »