Home / 2019 / June / 12

Daily Archives: June 12, 2019

ပဲခူးမြို့နယ်၊ ဇောင်းတူဒေသ၌ အဆင့်မြင့်ဝါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး တွေ့ဆုံဆွေးနွေး

FI

ဇွန် ၁၂ (ပဲခူး) =========================== ဇွန်လ (၁၂)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်၊ ဇောင်းတူဒေသ၌ အဆင့်မြင့်ဝါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး မြန်မာနိုင်ငံကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် သဘာဝမှ ပေးထားသော ပဲခူးရိုးမကြီးတစ်ခုကို ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူတို့ပူးပေါင်း၍ ဝါးစိုက်ခင်းများထူထောင်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြန်လည်ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင်ရွက်မည်ကို သိရှိရသဖြင့် ဝမ်းမြောက်ကြိုဆိုပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို ပြန်လည်ရှင်သန်ကောင်းမွန်စေမည့် ဆောင်ရွက်ချက်များ ပါဝင်စေလိုကြောင်းနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း သစ်တော၊ သစ်ပင် ချစ်ခင်သည့် အသိစိတ်ဓါတ်များရှိစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်က နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပွင့်လင်းမြင်သာသော စျေးကွက်စီးပွားရေးစနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ဒေသထွက် သယံဇာတများရှိသော်လည်း အလွယ်တကူ ထုတ်ယူရောင်းချလျက်ရှိကြောင်း၊ ဒီလိုအခြေအနေမျိုးအတွက် …

Read More »

ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး လာရောက်ကမ်းလှမ်း

FI

ဇွန် ၁၂ (ပဲခူး) ============================== ဇွန်လ (၁၂)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့  ပဲခူးဒေသတွင် နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး  TUN Electronic Trading Co., Ltd မှ လာရောက်ကမ်းလှမ်းခဲ့သည်။ ရှေးဦးစွာ TUN Electronic Trading Co., Ltd မန်နေဂျင်းဒါရိုက်တာ ဦးကျော်ကျော်ထွန်းက ပဲခူးမြို့အဝင်၌ နိုင်ငံတကာအဆင့်မီ အပန်းဖြေစခန်း တည်ဆောက်ဖွင့်လှစ်နိုင်ရေး လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ အပန်းဖြေစခန်းတွင် စားသောက်ဆိုင်များ၊ အဆင့်မြှင့် ကစားကွင်းများ၊ အပန်းဖြေရန် နေရာများ စသည်တို့  ပါဝင်မည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ(၁၀)သန်းခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က အပန်းဖြေစခန်းတည်ဆောက်ခြင်းသည် မီးခိုးမထွက်သည့် စက်ရုံတစ်ခု တည်ဆောက်ခြင်းဖြစ်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိနိုင်ကြောင်း၊ ရန်ကုန်၏ မြို့ပြမွန်းကြပ်မှုများကို ရှောင်ရန်နေရာတစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်၍ မိမိတို့တိုင်းဒေသကြီးအတွက်လည်း အခွန်ဝင်ငွေ …

Read More »

လယ်ယာမြေရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပ

FI

ဇွန် ၁၂ (ပဲခူး) ================= ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်အပေါ်ထပ်တွင် ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ပဲခူးခရိုင်/မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လယ်ယာမြေရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းများနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအပြင်၊ ယနေ့ဆွေးနွေးမည့်ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ညွှန်ကြားချက်များအားသေချာမှတ်သားပြီး လက်တွေ့နယ်ပယ်တွင်လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အား တောင်သူလယ်သမားများအမည်ပေါက် အမြန်ရရှိနိုင်ရေးဆောင်ရွက်ပေးကြရန်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူ းဦးမင်းသိန်းက အလုပ်ရုံဆွေးနွေးကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ၂၀၁၂ခုနှစ် မတ်လတွင်လယ်ယာမြေဥပဒေအား အတည်ပြုပြဌာန်းပြီးနောက် နည်းဥပဒေအပိုဒ်-၂၄အရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ညွှန်ကြားချက်အမှတ်-၂/၂၀၁၉၊ ၃/၂၀၁၉၊ ၄/၂၀၁၉များဖြင့်ညွှန်းကြားပြီးဖြစ်ကြောင်း အဆိုပါညွှန်ကြားချက်များအား ယခု၂၀၁၉ခုနှစ်ဇွန်လမှစတင်၍ ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းကိစ္စရပ်များနှင့်ပါတ်သက်ပြီး စာချုပ်ချုပ်ဆို၍သတ်မှတ်ထားသည့် အခွန်နှုန်းထားများပေးဆောင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အားအမည်ပြောင်းလဲနိုင်မည်ဖြစ်သဖြင့် တောင်သူလယ်သမားများအနေဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှုလျော့နည်းကျဆင်းရေး အသိပေးဆွေးနွေးပွဲကျင်းပ

FI

ဇွန် ၁၂ (ပဲခူး) =============== ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇွန်လ(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွား၊ သေဆုံးမှု လျော့နည်းကျဆင်းရေး အသိပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခင်က မိုးရာသီမှသာဖြစ်ပွားလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် တစ်နှစ်ပတ်လုံး ဖြစ်ပွားမှုရှိလာပြီး ဇွန်၊ ဇူလှိုင်နှင့်သြဂုတ်လများတွင် ဖြစ်ပွားမှုပိုမိုများပြားနိုင်သဖြင့် ယခုအချိန်မှစတင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်အရေးကြီးကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများသာမက လူမှုရေးအဖွဲ့အစည်းများ၊ မြို့သူမြို့သားများအားလုံး ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး၊ ကုသဆေးတိတိကျကျ မရှိသေးသောကြောင့် ရောဂါကြိုတင်ကာကွယ်ရေးသည် အလွန်အရေးကြီးကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် မူကြိုအရွယ်ကလေးများနှင့် မူလတန်းကျောင်းသူ/သားများမှာ အဖြစ်များသည့်အတွက် ပညာရေးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း၊ ကျောင်းများမှာ ပညာပေးဟောပြောပွဲများပြုလုပ်ပြီး ပညာပေးအချက်အလက်များကို “ကလေးမှကလေး”၊ “ကလေးမှမိဘထံ”သို့ ဖြန့်ဝေပေးဖို့လိုကြောင်း၊ …

Read More »