Home / 2019 / June / 14

Daily Archives: June 14, 2019

မြို့နယ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

FI

ဇွန် ၁၄ (ပဲခူး) ================== ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ဖော်ထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် ဇွန်လ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက တိုင်းဒေသကြီးအတွင်းရှိ ပိုက်ကျော်ခြင်း အားကစားလူငယ်လူရွယ်များအနေဖြင့် ကိုယ်စားပြုမြို့နယ်၏ ဂုဏ်ကို ဖော်ဆောင်နိုင်စေရန်နှင့် ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း အစဉ်တိုးတက်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲဝင် အားကစားအသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ လှုပ်ရှားဆောင်ရွက်နေသော Fitness Danceအဖွဲ့က လေ့ကျင့်ခန်းကကွက်များဖြင့် သရုပ်ပြ ကပြဖျော်ဖြေကြသည်။ အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲအား နိုင်ငံတော်၏ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်စေရန်အတွက် ဇွန်လ(၁၄)ရက်နေ့မှ (၁၈)နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း(၂၈)သင်း၊ အမျိုးသမီးအသင်း(၂၇)သင်း ပြိုင်ပွဲဝင်ဦးရေ(၃၉၂)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး …

Read More »