Home / 2019 / June / 15

Daily Archives: June 15, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇွန် ၁၅ (ကျောက်ကြီး) —————————————— ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၅)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီအချိန်က  တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာခန်းမသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေဒေသ အေးချမ်းမှသာ ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် လူမျိုးမတူ၊ ဘာသာမတူသော်လည်း အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ဒီမိုကရေစီ အခြေခံကောင်းများ ပေါ်ထွန်းလာရန် အရေးကြီးကြောင်း၊ ဒီမိုကေရေစီ၏ အခြေခံသဘောတရားသည် လူတစ်ဦးချင်းစီတွင် စစ်မှန်သော ကိုယ်ချင်းစာတရား နုလုံးသား၌ ပြည့်ဝစွာ ကိန်းဝပ်နေေစခြင်းသာဖြစ်ကြောင်း၊ ပြဿနာတစ်ရပ်ရပ်ကို ဖြေရှင်းရာတွင်လည်း အတ္တကိုအခြေမခံဘဲ ကိုယ်ချင်းစာတရား၊ မေတ္တာတရားလက်ကိုင်ပြုပြီး ဖြေရှင်းရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိမ်းဆည်းလယ်ယာမြေကိစ္စရပ်များ၊ ကျေးလက်မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်း/တံတား စသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား အသီးသီးတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ဌာနဆိုင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် …

Read More »

ညောင်လေးပင်မြို့နယ် ဂျို့ပင်ကျေးရွာအုပ်စု ဒေသခံများနှင့် တွေ့ဆုံပွဲကျင်းပ

FI

ဇွန် ၁၅ (ညောင်လေးပင်) ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က  ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်သို့ သွားရောက်ပြီး ဂျို့ပင်ကျေးရွာအုပ်စု၊ ငါးပြေမကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ) ရတနာ့ဂုဏ်ရည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ချက်နှင့်အညီ ပြည်သူတွေကြားတွင် ရှိသော ပြဿနာရပ်များ၊ အခက်အခဲများအား အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်းဆွေးနွေး အဖြေရှာပေးနိုင်ရန် လူထုတွေ့ဆုံပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ကူးပြောင်းရာမှာ ပြည်သူများအနေဖြင့် မတူကွဲပြားမှုကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်တက်သော ဒီမိုကရက်တစ် အခြေခံအသိတရားရှိရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ပါးစပ်နှင့်ပြောနေသော ဒီမိုကရေစီဝါဒမဟုတ်ပဲ အမှန်တကယ် မြေပြင်တွင် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် လာရောက်ရဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် ရှင်သန်မှသာ ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော သူအသိုက်အဝန်းတစ်ရပ်ကို …

Read More »