Home / 2019 / June / 16

Daily Archives: June 16, 2019

ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ(VDP)ဖြင့်ဆောင်ရွက်သည့် ကျေးရွာလမ်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်ဖွင့်လှစ်

FI

ဇွန် ၁၆ (ရေတာရှည်) ================================== တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ချောင်းဂွကျေးရွာ၊ ရွာတွင်းလမ်းဖွင့်ပွဲအား ဇွန်လ (၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ငြိမ်းချမ်းရေးသည် ပဓာနဖြစ်ပြီး ငြိမ်းချမ်းရေးရရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရနေဖြင့် မြို့ပြ/ကျေးလက် လူမှုစီးပွားဘဝများ  ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် ကျေးရွာတွင်းလမ်းသည် ပြည်သူဗဟိုပြုစီမံကိန်းအရ ဒေသခံပြည်သူများကိုယ်တိုင် လိုအပ်ချက်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဒီလိုပြည်သူဗဟိုပြုစီမံကိန်းများသည် ဒီမိုကရေစီအစိုးရ၏ အောင်မြင်သော လုပ်ငန်းဆောင်ရွက်မှုတွင် တစ်ခုအပါဝင်ဖြစ်ပြီး ပြည်သူကိုယ်တိုင် မိမိတို့ဒေသ၏ လိုအပ်ချက်များကို ပါဝင်ဆောင်ရွက်ရခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာတွင်းလမ်းအား ဒေသခံပြည်သူများအနေဖြင့် ရေရှည်တည်တံ့နိုင်စေရေး ထိန်းသိမ်းစောင့်ရှောက်ကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်တင်တင်ဝင်း၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့က အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာသည့် …

Read More »