Home / 2019 / June / 18

Daily Archives: June 18, 2019

ပဲခူးဒေသတွင် သြဂဲနစ်ဥယျာဉ်နှင့် သဘာဝအပန်းဖြေစခန်း တည်ဆောက်နိုင်ရေး လာရောက်ကမ်းလှမ်း

FI

ဇွန် ၁၈ (ပဲခူး) ========================== ဇွန်လ(၁၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးဒေသတွင် သြဂဲနစ်ဥယျာဉ်နှင့် သဘာဝအပန်းဖြေစခန်း တည်ဆောက်နိုင်ရေး Kol Global Co., Ltd မှ ဦးတင်မောင်နိုင် ဦးဆောင်သော ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ ဦးတင်မောင်နိုင်က ထိုင်းနိုင်ငံတွင် သဘာဝအခြေပြု အပန်းဖြေစခန်းများ၊ ပရဆေးဥယျာဉ်များ၊ သြဂဲနစ်သီးပင်စားပင်များ စိုက်ပျိုးနေမှု အခြေအနေများအား Video Click ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များမှ ပဲခူးဒေသတွင် သြဂဲနစ်ဥယျာဉ်နှင့် သဘာဝအပန်းဖြေစခန်း တည်ဆောက်နိုင်မည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သြဂဲနစ်သီးနှံစိုက်ခင်းများ တည်ထောင်ခြင်းအားဖြင့် ဓာတုကင်းလွတ်သည့် အန္တရာယ်ကင်းသော စားသောက်ကုန်များ ထုတ်လုပ်ရောင်းချခြင်းအားဖြင့် ပြည်တွင်းစားသုံးသူများအတွက် အလွန်အကျိုးရှိစေနိုင်ကြောင်း၊ သဘာဝအခြေပြု ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် မီးခိုးမထွက်သည့် စက်ရုံများ …

Read More »

မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

FI

ဇွန် ၁၈ (ပဲခူး) ================== ဇွန်လ(၁၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အမျိုးသားပွဲစဉ်၌ ပဲခူးမြို့နယ်အသင်းနှင့် ပေါင်းတည်မြို့နယ်အသင်း၊ အမျိုးသမီးပွဲစဉ်၌ မင်းလှမြို့နယ်အသင်းနှင့် ဝေါမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်အပေါင်းက ကြည့်ရှုအားပေးကြပြီး အမျိုးသားပြိုင်ပွဲတွင် ပဲခူးမြို့နယ်အသင်းမှလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဝေါမြို့နယ်အသင်းမှလည်းကောင်း အနိုင်ရဗိုလ်စွဲသွားကြသည်။ ထို့နောက် ဆုပေးပွဲကျင်းပပြုလုပ်ရာ (၃)ယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော အမျိုးသား ရွှေတောင်မြို့နယ်အသင်းနှင့် အမျိုးသမီး ထန်းတပင်မြို့နယ်အသင်းတို့အား တိုင်းဒေသကြီးပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်နှင့် သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစန်းတို့ကလည်းကောင်း၊ ဒုတိယဆုရရှိသောအမျိုးသား ပေါင်းတည်မြို့နယ်အသင်းနှင့် အမျိုးသမီး မင်းလှမြို့နယ်အသင်းတို့အား တိုင်းဒေသကြီးကားအစားနှင့် ကာပညာဆပ်ကော်မတီဝင် …

Read More »