Home / 2019 / June / 19

Daily Archives: June 19, 2019

ပဲခူးဒေသတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဆောင်ရွက်နိုင်ရေး Macau အဖွဲ့မှ လာရောက်တွေ့ဆုံ

FI

ဇွန် ၁၉ (ပဲခူး) ======================= ဇွန်လ (၁၉)ရက်နေ့၊ မွန်းလွဲ(၃:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးဒေသတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ ဆောင်ရွက်နိုင်ရေး Macau အဖွဲ့မှ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။ ရှေးဦးစွာ Macau- Myanmar Chamber of Commerce ဥက္ကဋ္ဌ Mr. Tim Wong က ပဲခူးဒေသတွင် သဘာဝဓါတ်ငွေ့ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့် မြန်မာနှင့်မကာအို ချစ်ကြည်ရေးစက်မှုနယ်မြေ ထူထောင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဓါတ်ငွေ့ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုမိန့် လိုအပ်မည်ဖြစ်ကြောင်း၊ စက်မှုနယ်မြေ တည်ထောင်ခြင်းနှင့်ပတ်သက်၍ တည်ဆောက်မည့် စက်ရုံအမျိုးအစား၊ လိုအပ်သည့် မြေဧရိယာ အသေးစိတ်အား တင်ပြပေးရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီနိုင်ရေး Myanmar Blue Sky Rescue Development Council မှ လာရောက်တွေ့ဆုံ

FI

ဇွန် ၁၉ (ပဲခူး) ======================== ဇွန်လ (၁၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်နိုင်ရန်အတွက် Myanmar Blue Sky Rescue Development Council မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr. David Liu က မိမိတို့အဖွဲ့အစည်းသည် တရုတ်နိုင်ငံတွင် အကြီးစား ကယ်ဆယ်ရေးလုပ်ငန်းများဖြစ်သော ငလျင်ဘေး၊ ရေဘေး၊ မီးဘေး၊ ပင်လယ်ပြင်ကယ်ဆယ်ရေးစသည့်တို့ ကူညီဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း(၁၃)နှစ်ကျော်ခန့် ရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အကြီးစားကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ တောင်နဝင်းဆည်တမံကိစ္စနှင့်ပတ်သက်၍ ကယ်ဆယ်ရေးသင်တန်းများလည်း သင်ကြားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိပဲခူးတိုင်းဒေသကြီးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းပေးခြင်းတို့အား မိမိတို့အဖွဲ့အစည်းကုန်ကျစရိတ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် သင်တန်းပေးခြင်းကိစ္စရပ်များကိုလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် …

Read More »

ပဲခူးမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်

FI

ဇွန် ၁၉ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်ပြီး ဇွန်လ(၁၉)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ ကန်တော်ကြီးကြိုးပြင်ကာကွယ်တောအတွင်း၌ ၂၀၁၉ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်သည်။ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့အစည်းများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ပဲခူးတက္ကသိုလ်ဆရာ/မများနှင့် ကျောင်းသား/သူများ၊ ပြည်သူများ တက်ရောက်ကြပြီး ပျိုးပင်ပေါင်း(၁၃၅၀၀)ပင်ကို စိုက်ပျိုးပေးကြသည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သင်းဝင်၊ ပိတောက်၊ မဟော်ဂနီ၊ ထောက်ကြန့်၊ ယမနေ၊ ယင်းမာ၊ သင်္ကန်း၊ ငုရွှေဝါ၊ ပျဉ်းမ၊ ဝါးဘိုးကြီး၊ တင်းဝါး၊ မျှင်ဝါး၊ သိုက်ဝါးစသည့် သစ်ပင်ပေါင်း(၁၃၅၀၀)ပင်အား ကန်တော်ကြီး ကြိုးပြင်ကာကွယ်တောအတွင်း ဧရိယာ(၁၃၁၀)ဧကရှိသည့်အနက် ဧက(၂၀)တွင် စိုက်ကွက်များဖေါ်၍ ကန်တော်ကြီး ရေဝင်ရေလဲဧရိယာ ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် ပြည်သူများအနေဖြင့် ပရဆေးပင်များကို လာရောက်လေ့လာနိုင်ရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း …

Read More »