Home / 2019 / July

Monthly Archives: July 2019

ပဲခူတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နိုင်ရေး ဂျပန်နိုင်ငံသား လုပ်ငန်းရှင်များ လာရောက်ကမ်းလှမ်း

FI

ဇူလိုင် ၃၁ (ပဲခူး) ================== ဇူလိုင်လ (၃၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူတိုင်းဒေသကြီးအတွင်း နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်နိုင်ရေး ဂျပန်နိုင်ငံအခြေစိုက် Nobels Group မှ Planning Manager, Mr. YOSHIKI ISHIZUKA နှင့် High Castle Co., Ltd, Manaing Director ဦးဇော်လွင်သန်းတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Mr. YOSHIKI ISHIZUKA က မိမိတို့ကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် အကြီးဆုံး နွားမွေးမြူရေး၊ အသားနှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးအတွင်း အရသာကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူပြုသော နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရန် ရည်ရွယ်ပါကြောင်း၊ နွားမွေးမြူရေးမှ ထွက်ရှိသည့် အညစ်အကြေးများဖြင့် Bio Gas ဖြင့် …

Read More »

ပန်းတောင်းမြို့၌ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

FI

ဇူလိုင် ၃၀ (ပန်းတောင်း) ================================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်သည် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်(၉)နာရီတွင် ပန်းတောင်းမြို့၊ မြို့နယ်စည်ပင်သာယာခန်းမတွင် ပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်က ကျေးလက်နေ ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အခြေခံအဆောက်အဦတွေနဲ့ ဝန်ဆောင်မှုများကို ပြည်သူဗဟိုပြုတဲ့ နည်းလမ်းနဲ့ လက်လှမ်းမီ အသုံးပြုရန်နှင့် ပြည်သူလူထုရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်မြင့်မားလာစေဖို့ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးတဲ့ စီမံကိန်းဖြစ်တာမို့ စီမံကိန်းကို ရရှိဆောင်ရွက်တဲ့ မြို့နယ်များမှာရှိတဲ့ ကျေးရွာပြည်သူလူထုအနေနဲ့ အကျိုးကျေးဇူးများစွာ ရရှိခံစားရမှာ ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းမှာ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာ …

Read More »

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

FI

ဇူလိုင် ၃၀ (ပဲခူး) =============== ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် ဥဿာသီရိစာသင်တိုက် ဝိမလရတနာသီရိဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် ဝန်ကြီးချုပ်အမှူးပြုသော ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းပြီး ရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းကြကြောင်း သိရသည်။ ပဲခူးမြို့ဥဿာသီရိစာသင်တိုက်တွင် မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု

FI

ဇူလိုင် ၂၉ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်ခန့်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့်အတူ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံလိုအပ်ချက်များနှင့် လူနာများ ဆေးကုသမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ ဝန်ကြီးချုပ်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့က ဆေးရုံကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးလိုင်းအပါအဝင် လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရန် လျာထားမှုကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူနေကြသည့် လူနာများနှင့် လူနာရှင်များအား ရင်နှီးစွာတွေ့ဆုံနှုတ်ဆက်ပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးဒေသရှိဆေးရုံများအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း …

Read More »

သာယာဝတီခရိုင်အတွင်းရှိ လဝကရုံး၌ လုပ်ငန်းဆောင်ရွက်မှုများအား တိုင်းဒေသကြီးဝန်ကြီး ကြည့်ရှုစစ်ဆေး

FI

 ဇူလိုင် ၂၇ (သာယာဝတီ) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးသည် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က သာယာဝတီခရိုင်အတွင်းရှိ လဝကရုံးများသို့ သွားရောက်ပြီး ဦးစီးဌာန၏ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးသည် သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်စိုးနှင့်အတူ နတ်တလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်ဦးစီးမှူး ဦးကျင်စိန်က ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်ဝန်ကြီးနှင့် ခရိုင်ဦးစီးမှူးတို့သည် ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် သာယာဝတီမြို့နယ်များသို့ သွားရောက်ပြီး ဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးမှ အဂတိကင်းရှင်းရေး၊ လုပ်ငန်းတာဝန်ဝတ္တရားဆောင်ရွက်ရာတွင် ပြည်သူအပေါ် စေတနာထားဆောင်ရွက်ပေးရေး၊ အချိန်နှင့်တစ်ပြေးညီ မြန်မြန်ဆန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

မကာအို၌ Guangdong & Macao Branded Products Fairs 2019 -GMPBF ကုန်စည်ပြပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဇူလိုင် ၂၆ (မကာအို) ======================= ဇူလိုင်လ (၂၆)ရက်နေ့ ဒေသစံတော်ချိန် (၉) နာရီတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် ၊ ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မကာအိုအထူးအုပ်ချုပ်ရေးဒေသရှိ Venctian Macao တွင် ကျင်းပပြုလုပ်လျုက်ရှိသည့် ကွမ်တုံး-မကာအိုထုတ်ကုန်များကုန်စည်ပြပွဲ ( Guangdong & Macao Branded Products Fairs 2019 -GMPBF) သို့ တက်ရောက်ခဲ့သည်။ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာအတွင်းဝန်(ဝန်ကြီး) Mr. Leong Vai Tac နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ကြပြီး ဧည့်ခန်းမဆောင်၌ နှစ်နိုင်ငံအကျိုးစီးပွား ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ယခုကဲ့သို့ ပြပွဲများ ထပ်မံကျင်းပနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ မကာအိုအထူးအုပ်ချုပ်ရေးဒေသသို့ လေ့လာရေးခရီး ရောက်ရှိနေ

FI

ဇူလိုင် ၂၅ (မကာအို) ======================= ဇူလိုင်လ (၂၅)ရက်နေ့၊ နံနက်ပိုင်း ဒေသစံတော်ချိန် ၁၁၀၀ နာရီခန့်တွင် ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ တာဝန်ရှိသူများသည် မကာအိုအထူးအုပ်ချုပ်ရေးဒေသရှိ Venctian Macao တွင်ဖွင့်လှစ်ထားသော ဈေးဝယ်စင်တာအပါအဝင် ကွမ်တုံး-မကာအိုဒေသ ကုန်အမှတ်တံဆိပ် ထုတ်ကုန်များပြပွဲ ၂၀၁၉ ( Guangdong Macao Branded Products Fairs 2019 ) ကျင်းပပြုလုပ်မည့် Venctian Macao အဆောက်အဦသို့ သွားရောက်လေ့လာကြည့်ရှု့ခဲ့သည်။ ထို့နောက် သဲနက်ကမ်းခြေ(Black San Beach)နှင့် တရုတ်ဘုရားကျောင်း (ပင်လယ်စောင့်မယ်တော်ကြီးတောင်) တို့သို့ သွားရောက်ကြည့်ရှု့ လေ့လာခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် ကွမ်တုံး-မကာအိုဒေသ ကုန်အမှတ်တံဆိပ် ထုတ်ကုန်များပြပွဲ ၂၀၁၉(2019 Guangdong and Macao Branded Products Fair (GMBPF) )သို့တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မကာအိုအထူးအုပ်ချုပ်ရေးဒေသ မကာအိုအစိုးရ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း (Macau association of mutual help of Myanmar overseas chinese) မှ တည်ခင်းဧည့်ခံသော ညစာ စားပွဲသို့တက်ရောက်

FI

ဇူလိုင် ၂၄ (မကာအို) =================== ဇူလိုင်လ (၂၄)ရက်နေ့၊ ဒေသစံတော်ချိန် ည(၈:၃၀)အချိန်က The Plaza Restaurant ၌(Macau association of mutual help of Myanmar overseas  chinese)မှ တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့၊ အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက (Macau association of mutual help of Myanmar overseas  chinese) တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး၊ မြန်မာအကအလှဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုအထူးအုပ်ချုပ်ရေးဒေသသို့သွားရောက်

0-02-06-970c67b1a6c64fcf91789a50d2ee649e505666edc4c8efce55c530201595a96e_4b30a656

ဇူလိုင် ၂၄ (မကာအို) ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မကာအိုအစိုးရဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာအတွင်းဝန် (ဝန်ကြီး) Mr.Leong Val Tac ၏ ဖိတ်ကြားချက်အရ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ အစိုးအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ ပဲခူးတိုင်းဒေသကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဦးကိုကိုလတ်၊ ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးဖြိုးဝင်းသန်းတို့လိုက်ပါလျှက် ဇူလိုင်လ(၂၄)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၇:၂၅)နာရီအချိန်ကတွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်းသိရသည်။ ဟောင်ကောင်လေဆိပ်သို့ ဒေသစံတော်ချိန် (၁၂:၀၁)နာရီအချိန်တွင်ရောက်ရှိခဲ့ပြီး ဟောင်ကောင်မြို့မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းနှင့်အဖွဲ့မှ ခရီးဦးကြိုပြု၍ အစိုးရအထူးဧည့်သည်တော်ဧည့်ခန်းမတွင် ခတ္တခဏ အနားယူခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကာအိုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ့်နှံမှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနတို့မှကြီးမှူး၍ မကာအိုအထူးအုပ်ချုပ်ရေးဒေသ၌ ဇူလိုင်လ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် 2019 Guangdong and Macao Branded Products Fair(GMBPF)ကို တက်ရောက်ခြင်းဖြစ်ပြီး …

Read More »

ပြည်မြို့တွင် တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

FI

ပြည် ဇူလိုင် ၂၂ ============= သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်မီစနစ် တကျ ပြန်လည်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၂ နံနက် ၈ နာရီက ပြည်မြို့ ဖောင်တော်ဦးဘုရား အနောက်ဘက် နဝင်းရပ်ကွက်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော် ဦးဆောင်သော သန္ဓေ/အရန်မီးသက်တပ်ဖွဲ့ဝင် (၂၀၀)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ရေပြင်မီးငြိမ်းသတ်ရေး၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ရေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခြင်းတို့ကို သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်လက်တွေ့သရုပ်ပြခဲ့ကြပြီး ယင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာသို့ ပြည်ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသောင်းထိုက်၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကျော်ကျော်၊ ပြည်ခရိုင် အုပ်ချုပ်ရေးမှူး …

Read More »