Home / 2019 / July / 01

Daily Archives: July 1, 2019

အစိုးရယန္တရားလည်ပတ်ရာတွင် ဝန်ထမ်းမျာအနေဖြင့် အောက်ခြေစာဝင်/စာထွက် အဆင့်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဇူလိုင် ၁ (ပဲခူး) =========================== ဇူလိုင်လ (၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရအဖွဲ့ တာဝန်ယူခဲ့သည့် (၃)နှစ်ကျော် ကာလအတွင်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်အချက်များ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့သလို ဝန်ထမ်းများကိုလည်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို တစ်ပါတည်းဆောင်ရွက်ရခဲ့ကြောင်း၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်စေရန် ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ဝန်ထမ်းများသည် ပြည်သူများအတွက် ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန် လိုအပ်ကြောင်း၊ e-Government စနစ်ကို စတင်ဆောင်ရွက်နေပြီဖြစ်၍ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များအပြင် ဝန်ထမ်းတစ်ဦးချင်း iT နည်းပညာ တိုးတက်မြှင့်မားရန် လိုအပ်လာပြီဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲများတွင် ပြည်သူများတင်ပြသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများအား အသိပေးအကြောင်းကြားခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းများ ဆောင်ရွက်ကြရန်၊ …

Read More »