Home / 2019 / July / 02

Daily Archives: July 2, 2019

ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၁၉ -၂၀၂၂) သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ပွဲကျင်းပ

FI

ဇူလိုင် ၂ (ပဲခူး) ====================== ဇူလိုင်လ(၂)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ပဲခူးမြို့ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှကြီးမှူး၍ ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း(၂၀၁၉- ၂၀၂၂) သက်တမ်းအတွက် ရွေးချယ်တင်မြှောက်က်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေနှင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးတင်ဝင်း၊ အတွင်းရေးမှူး ဦးနေလင်းဇင်တို့က အမှာစကားပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်ထွန်းက ပြီးခဲ့သည့်သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ၂၀၁၉-၂၀၂၂ ခုနှစ် ရွေးချယ်ဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ၂၀၁၉-၂၀၂၂ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီး(အရှေ့) ဆန်စက်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့အား ရွေးချယ်တင်မြေှာက်ကြသည်။ ယင်းနောက် ရွေးချယ်ခံရသည့်ပဲခူးတိုင်းဒေသကြီး(အရှေ့)ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဌက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ …

Read More »