Home / 2019 / July / 03

Daily Archives: July 3, 2019

၂၀၂၀ ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း မှန်ကန်နိုင်ရေး အခြေခံလူဦးရေစာရင်းကောက်ယူရန် စီစဉ်ဆောင်ရွက်

FI

ဇွန် ၃ (ပဲခူး) ================== ဇွန်လ(၃)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ အခြေခံလူဦးရေစာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မဲစာရင်းမှန်ကန်ရေးသည် နိုင်ငံအတွက် တန်ဖိုးရှိသောပုံရိပ်တစ်ခုဖြစ်ကြောင်း၊ အခြေခံလူဦးရေစာရင်း ကောက်ယူရာတွင် အိမ်ထောင်စုတစ်ခုချင်းစီအလိုက် လူတစ်ဦးချင်း၏ အသေးစိတ်အချက်အလက်ကို ကောက်ယူရမည်ဖြစ်၍ အလွန်အရေးကြီးပါကြောင်း၊ ယခုကောက်ယူမည့် အခြေခံလူဦးရေစာရင်းသည် နိုင်ငံတော်အဆင့်မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရန် ညွှန်ကြားထားရှိခြင်း၊ အဓိကအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပချိန်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဆန္ဒမဲပေးနိုင်ရန် ကြိုတင်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အခြေခံလူဦးရေစာရင်းများအား သြဂုတ်လအပြီး ကောက်ယူရမည်ဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အခြေခံမဲစာရင်း ကောက်ယူရာတွင် ပါဝင်ရမည့် ဌာနဆိုင်ရာများ၊ ကောက်ကွက် နယ်မြေသတ်မှတ်ခြင်းနှင့် စာရင်းကောက်ယူရာတွင် ကြုံတွေ့နိုင်သည့်အခြေအနေများအားကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်က အခြေခံလူဦးရေစာရင်း …

Read More »

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ် ထူးချွန်အမျိုးသမီးများအား ဆုများပေးအပ်ချီးမြှင့်

FI

ဇူလိုင် ၃ (ပဲခူး) ========================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့ နံက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှဦးဆောင်၍ ၂၀၁၉ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမျိုးသမီးများအနေဖြင့် ရလာသည့်အခွင့်အရေး လုပ်ပိုင်ခွင့်များကို အကျိုးရှိစွာအသုံးချပြီး ပညာဗဟုသုတပြည့်ဝအောင် ဖြည့်ဆည်းကြရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ပညာပြည့်ဝ နှလုံးလှသူများဖြစ်အောင် ပြုမူနေထိုင်ကြရန် အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိသူများ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲအသီးသီးတွင် ရွှေတံဆိပ်ရရှိသူများနှင့် ပထမဆုရရှိကြသည့် ထူးချွန်အမျိုးသမီးများအား ဝန်ကြီး၊ စာရင်းစစ်ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဌ ဒေါ်နော်ပွယ်စေးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် Video Clipကို ပြသကြည့်ရှုကာ ပြသထားသော လှုပ်ရှားပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၌ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် အမျိုးသမီးရေးရာကမ္ဘာ့ညီလာခံကို တက်ရောက်ခဲ့ပြီးနောက် …

Read More »