Home / 2019 / July / 04

Daily Archives: July 4, 2019

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ကြိုဆိုပွဲနှင့် ထောက်ပံ့ပေးခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

ဇူလိုင် ၄ (ပဲခူး) ================== ဇူလိုင်လ (၄)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ကြိုဆိုပွဲနှင့် ထောက်ပံ့ပေးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ကြိုဆိုနှုတ်ခွန်းဆက် အားပေးစကားပြောကြားခဲ့ကြပြီး နေရပ်ပြန်ရောက်လာသူ (၅)ဦးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင် (၁)သိန်းကျပ်စီကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌမှ တစ်ဦးလျှင် (၅)သောင်းကျပ်စီကိုလည်းကောင်း၊ Kanbo ကုမ္ပဏီမှ တစ်ဦးလျှင်(၂)သောင်းကျပ်စီကိုလည်းကောင်း၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာတို့က ထောက်ပံ့ရေးပစ္စည်း(၉)မျိုးပါ Family Kid ဗူးများအား ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သွားရောက်ခေါ်ဆိုထောက်ပံ့ခဲ့ရာ ပထမအကြိမ်အဖြစ် (၂၂-၁၀-၂၀၁၆)ရက်နေ့တွင် ဝေါမြို့နယ်မှ (၄)ဦး၊ ဒုတိယအကြိမ်အဖြစ် (၇-၅-၂၀၁၈)ရက်နေ့တွင် ပဲခူးမြို့နယ်မှ (၅)ဦး၊ တတိယအကြိမ်အဖြစ် (၂၂-၂-၂၁၀၉)ရက်နေ့တွင် …

Read More »