Home / 2019 / July / 06

Daily Archives: July 6, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း အင်းတကော်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇူလိုင် ၆ (ပဲခူး) ================== ဇူလိုင်လ (၆)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်  ဦးဝင်းသိန်းသည် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၊ ကုမုဒြာခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြည်သူများကြားရှိ ပြဿနာများကို လူထုတွေ့ဆုံပွဲမှတစ်ဆင့် ဖြေရှင်းရန် လမ်းညွှန်ခဲ့သဖြင့် မိမိတို့အနေဖြင့် ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာများနှင့် သုံးပွင့်ဆိုင်တွေ့ဆုံဖြေရှင်းပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများအကြား ဖြစ်ပေါ်နေသည့် ပြဿနာကို ထဲထဲဝင်ဝင် အရှိန်အဟုန်ဖြင့် ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲများကို မြို့နယ်/ကျေးရွာများအလိုက် ပြုလုပ်ပေးနေရခြင်းဖြစ်ကြောင်း၊ ယခင်ခေတ်ကာလများတွင် ပြဿနာများကို အာဏာ/အင်အားသုံး၍ ဖြေရှင်းခဲ့သဖြင့် လူထုကြားတွင် မကျေနပ်မှုများ၊ အညှိုးအတေးများ ဖြစ်ပေါ်လာရာမှတစ်ဆင့် ခွဲခြားမှုများ၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုများနည်းပါးလာကာ နောက်ဆုံးအဆင့် ပြည်တွင်းစစ်ဖြစ်ပွားတာပဲ ရရှိခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့ …

Read More »

မြို့ဦးကင်းတံတားတည်ဆောက်နေမှုအား ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ သွားရောက်ကြည့်ရှုစစ်ဆေး

FI

ဇူလိုင် ၆ (ပဲခူး) ==================== ဇူလိုင်လ (၆)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်က ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတားသစ်ဖြစ်သော မြို့ဦးကင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင့်သို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဟန်ဇော်နှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ မြို့ဦးကင်းတံတား တည်ဆောက်ရေးရှင်းလင်းဆောင်၌ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးနှင့် ညွှန်ကြားရေးမှူး ဦးဇော်ထွန်း(မြို့ပြ)တို့က ပဲခူးမြစ်ကူးတံတား မြို့ဦးကင်းတံတား တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့မှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တံတားသည် (၅၁၈.၄)ပေ ရှည်လျားပြီး (၂၈)ပေအကျယ် (၂)လမ်း၊ လူသွားလမ်း တစ်ဖက်လျှင်(၆)ပေအကျယ်၊ ဘိုးပိုင်အုတ်မြစ်ဖြစ်ပြီး သံကူကွန်ကရစ်တံတားတစ်စင်းဖြစ်၍ ယင်းတံတားတည်ဆောက်ပြီးစီးပါက ပဲခူးမြို့၏ အရှေ့ဘက်မြို့ရှောင်လမ်း ပေါ်ထွက်လာကာ မြို့အတွင်း ယာဉ်ကြောကြပ်တည်းမှု လျော့နည်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ မြို့ဦးကင်းတံတားသည် စိန်သာလျောင်းလမ်းနှင့် သမိန်ဗရမ်းလမ်းအား ပဲခူးမြို့ကိုဖြတ်၍ ဆက်သွယ်ပေးမည့် တံတားတစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေး …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာ၌ သစ်ပင်ချစ်သူများဖိုရမ်သို့ တက်ရောက်

FI

ဇူလိုင် ၆ (ပဲခူး) ================ ဇူလိုင်လ(၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့နယ် ကျောက်တန်းစံပြကျေးရွာရှိ ပန်းပျိုးလက်တောစခန်းကျောင်းတွင် ၂၀၁၉ ခုနှစ် သစ်ပင်ချစ်သူများဖိုရမ် အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပန်းပျိုးလက်ဆရာတော် ဒေါက်တာ အရှင်ပညောဘာသက အဖွင့်သြဝါဒစကားမိန့်ကြားပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က အမှာစကားပြောကြားကာ သစ်ပင်ချစ်သူများဖိုရမ် ကျင်းပပြုလုပ်နိုက်ရေးအတွက် အလှူရှင်များမှ အလှူငွေပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က လက်ခံရယူကြသည်။ ထို့နောက် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြပြီး “အမိမြေစိမ်းလန်းရေး ရေရှည်မျှော်ကာတွေး” ခေါင်းစဉ်ဖြင့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၊ သစ်တောပညာရှင် ဦးတင်အေး၊ သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်စင် စသည့် ပညာရှင်(၃)ဦးက ဆွေးနွေးကြသည်။ ယင်းနောက် စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်ဖြင့် “လူများကလက်ခံထားသည့် တာဝန်ယူရမည့်အခြေအနေ” နှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ …

Read More »