Home / 2019 / July / 09

Daily Archives: July 9, 2019

အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး ပထမအကြိမ် သုံးပွင့်ဆိုင်ညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ဇူလိုင် ၉ (ပဲခူး) ===================== ဇူလိုင်လ(၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီမှဦးဆောင်၍ အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်နိုင်ရေး ပထမအကြိမ် သုံးပွင့်ဆိုင်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ယခုဆွေးနွေးပွဲသည် ၂၀၁၈ခုနှစ် အနည်းဆုံးအခကြေးငွေသတ်မှတ်ပြီးနောက် ပထမအကြိမ်ပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးမှုများကို ကြားသိလိုကြောင်း၊ သို့မှသာ ပဲခူးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ ကော်မတီအနေဖြင့် အမျိုးသားကော်မတီသို့ အဆိုပြုနှုန်းထားတင်ပြရာ၌ အလုပ်ရှင်၊ အလုပ်သမားတို့၏ အကြံပြုချက်နှုန်းထားများကို အလေးနက်ထားစဉ်းစားနိုင်ပြီး သင့်တင့်လျှောက်ပတ်သော လက်ခံနိုင်သော နှုန်းထားတစ်ခု ရရှိမှာဖြစ်ကြောင်း၊ ဒါကြောင့်တက်ရောက်လာသူများက အကြံပြုချက်များ၊ အဆိုပြုနှုန်းထားများအား ဆွေးနွေးပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေပြင်ဆင်သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး ဦးအောင်ငြိမ်းက အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ …

Read More »

စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ ဝန်ကြီးချုပ်တက်ရောက်

FI

ဇူလိုင် ၉ (ပဲခူး) =============== ပဲခူးမြို့ မြို့တော်ခန်းမတွင် ဇူလိုင်လ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (KOICA)နှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာန (Koica CCC)တို့ပူးပေါင်းပြီး မြန်မာနိုင်ငံအတွင်း စွမ်းအားမြင့်မီးဖိုများဖြန့်ဖြူးခြင်းစီမံကိန်း စတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းအကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး စီမံကိန်းဒါရိုက်တာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကိုရီယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနမှ Mr.Seojoon Heo ကနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ စဉ့်အသင်းမှ မီးဖိုထုတ်လုပ်သူ ဦးမြင့်အောင်က စွမ်းအားမြှင့်မီးဖို အသုံးဝင်ပုံအား ရှင်းလင်းဆွေးနွေးတင်ပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးလှမြင့်က မီးဖိုများဖြန့်ဖြူးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက နိဂုံးချုပ်အမှာစကား …

Read More »

ဦးထွန်းထွန်းဦး အမည်စာရင်းအား ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြု

0-02-06-13f989947a883b41f81905ecf3aafc85c213481d0de14e66c1a44d0d0e071728_871d60d7

ပဲခူး ဇူလိုင် ၉ ====================== ဇူလိုင်လ(၉)ရက်နေ့ နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉) တတိယနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးတစ်ဦး အမည်စာရင်းအား အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇၆)ဦးအနက် (၆၈)ဦး(၈၇.၄၇)%တက်ရောက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဆိုပြုတင်သွင်းသော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးထွန်းထွန်းဦး ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)အား ကန့်ကွက်သူမရှိသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေငြာခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လွှတ်တော်မှအတည်ပြုသော ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးသည် အမှတ်(၃၈)လမ်း၊ အုတ်ဖို(၁)ရပ်ကွက်၊ ပေါင်းတည်မြို့တွင် နေထိုင်လျက်ရှိပြီး B.Sc(Chemistry) ဖြင့် ဘွဲ့ရရှိခဲ့ကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲရလဒ်(၂၈၂၁၉)ဖြင့် (၇၀.၂၃)%ဖြင့် ရွေးချယ်တင်မြှောက်ခံရသူဖြစ်သည်။ …

Read More »